အခန်း၆
ခန့်သူသည် အိမ်ရှေ့တွင်ဖုန်းသုံးနေရင်း အိမ်အနောက်သို့ပြေးကာ သန့်စင်ခန်းသို့ အပြေးအလွှားဝင်သည်။ လက်ထဲကဖုန်းဆိုသည်မှာလည်း အိမ်သာသွားတောင်ချန်ထားခဲ့လို့ မဖြစ်ပါ။ သူများတကာလိုကောင်မလေးမရှိပါပဲ ဖုန်းနဲ့ကွာလျှင်ကို နေမကောင်းချင်ဖြစ်တက်လွန်း၍ဖြစ်သည်။ဖုန်းမကြည့်ရလျှင်နေပါ၊ ကိုင်ထားမှကို အဆင်ပြေတာမျိုးဖြစ်၏။
ရုတ်တရက် ဖုန်းစိမ်းတစ်လုံးဝင်လာသောကြောင့် မကိုင်ချင်ပေမယ့် ကိုင်လိုက်ရပြန်သည်။
"ဟယ်လို"
"ဟယ်လိုတယ်လီနော call canter ကပါရှင့်။ လူကြီးမင်းရဲ့ တယ်လီနော ဆင်းကတ်လေးက မှတ်ပုံတင်ပြီးသွားပြီလားမသိဘူးရှင့်"
အာ ဒုက္ခပဲ။
"ဝယ်တုန်းကတော့ မှတ်ပုံတင်ပြီးသားလို့ပြောတာပဲဗျာ"
"ညီမတို့ဘက်မှာတော့လေ မှတ်ပုံတင်ထားခြင်းမရှိသေးတာမို့ လူကြီးမင်းအခု အားတယ်ဆိုရင် တစ်ခါတည်းမှတ်ပုံတင်လို့ရပါတယ်ရှင့်"
"ဟို နောက်မှ၊ လုပ်လို့မရဘူးလားဗျာ"
"နောက်မှဆိုရင်လေ ဆိုင်ထိသွားပြီးတင်နေရမှာရှင့် အခုအားတယ်ဆိုရင်..."
လခွမ်း။
"ကျွန်တော် အိမ်သာထဲရောက်နေလို့ပါဗျာ၊ အရမ်းကို အဆင်မပြေဖြစ်နေလို့ပါဗျ"
"ဟုတ်ကဲ့ ပါရှင့်၊ ဖုန်းလက်ခံပြောပေးလို့ကျေးဇူးတင်ပါတယ်ရှင့်"
"ကျွန်တော်ကလည်း ဖုန်းချပေးလို့ကျေးဇူးပါဗျာ"
ထိုအခါမှဖုန်းချသွားတော့၏။
"ငါ့နှယ် ဒါနဲ့ ဘာဖြစ်သွားမှန်းတောင်မသိတော့ဘူး၊ ဖီးလ်တောင်ပျက်တယ်"
နဖူးတွင်ကျလာသောချွေးကို သုတ်လိုက်သည်၊ တော်တော်ပူတဲ့ ရာသီ။ နောက်များတော့ နေမထွက်ခင် ကိစ္စဝိစ္စရှင်းထားရမယ်။
....
.....
"အေးချမ်းပြည့် နင့်အစ်ကိုရော"
"ဖေဖေနဲ့ ခြံထဲလိုက်သွားတယ် ကိုစည်သူ၊ လက်ထဲကဘာတွေတုန်း"
YOU ARE READING
မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)Completed