အပိုင်း၃၁
"မောင် အိမ်ကဆေးသုတ်နေပြီဆိုတော့လေ ငါတို့ပစ္စည်းတွေသယ်ကြတော့မလား"
"အင်း ၊ မနက်ဖြန်ကျမှ သယ်စရာတွေ သိမ်းကြတာပေါ့၊ အခုတော့ အိပ်ကြရအောင်နော်။ မောင်ပင်ပန်းနေလို့"
ထက်အောင်ပြည့်သည် စည်သူမောင်၏ လက်မောင်းပေါ်သို့ ခေါင်းအုံးကာအိပ်လိုက်သည်။
"မောင်ကသိပ်တော်တာပဲ။ အိမ်ကို ဝါမကျွတ်ခင်ပြီးအောင်ဆောက်ပစ်တယ်"
"အမလေးဗျာ၊ ခေါ်ထားတဲ့ ပန်းရံနဲ့ လက်သမားအဖွဲ့က ၂ဆတောင်ငှားထားတာလေဗျာ၊ ပိုက်ဆံတွေ တော်တော်လျော့သွားတယ် မောင်စည်သူ"
"မောင်ကလည်းကွာ ငါတို့အတွက်ဆောက်တာပဲကို၊ ဘာလဲ မောင်နှမြှောလို့လား"
"နှမြောတာမဟုတ်ပါဘူး။ ရုတ်တရက် ဗြုန်းဆို ပျောက်သွားတော့လေ နေလို့ထိုင်လို့မကောင်းဘူး အချစ်ရယ်။ မောင်သွေးတိုးချင်လိုက်တာ"
"အဟက်၊ မောင်ကတော့ကွာ..နောက်ဆို ငါရှာသမျှပိုက်ဆံ မင်းကိုပေးမယ်လေ။ သွေးမတိုးနဲ့တော့နော်"
"မောင်ရှာသမျှကို မောင်က အပ် ရမယ်မှတ်တာ"
"မောင်က ငါ့ကို မိန်းမကြီးလို့ထင်နေတာလား၊ ငါက မိန်းမမှ မဟုတ်ဘဲကွာ"
"ဒါတော့မောင်သိတာပေါ့"
"မောင်ရော ငါရော နှစ်ယောက်စလုံးကယောက်ျားလေးတွေလေ။ ဆိုတော့ကွာ ငါတို့မှာ ဘယ်သူက အိမ်ထောင်ဦးစီး၊ ဘယ်သူက အိမ်ရှင်ထီးရယ်လို့မရှိပါဘူး။ ယောက်ျားလေးနှစ်ယောက်ချစ်မိတယ် လက်ထပ်ကြတယ်။ ဒါပေမယ့် ငါတို့က မိန်းကလေးအလုပ်ကိုလုပ်ရမယ်လို့ မဆိုလိုဘူး။ အရင်ကလို လွတ်လွတ်လပ်လပ်ပဲနေပါ။ ငါလည်း အရင်ကလို မပြောင်းလဲဘဲ မင်းကိုချစ်မယ်။ အိမ်ထောင်ကျတာက အခွင့်အရေးတွေ အနာဂတ်တွေ ပိတ်ပင်တာမှ မဟုတ်ဘဲ။ ဒါပေမယ့် တစ်ဦးကိုယ်တစ်ဦးတော့ ပိုင်တယ်ဆိုတာ မှတ်ထား။ ငါမောင့်ကို မချုပ်ချယ်ဘူးမောင်၊ ဒါပေမယ့် ငါ့ကိုမလေးမစားတော့မလုပ်မိစေနဲ့၊ ငါက လူကြားသူကြားလည်း မင်းကိုလိုက်ရိုက်ရဲတယ်ဆိုတာ ယုံထား"
YOU ARE READING
မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)Completed