Part 2

1.4K 97 0
                                    

အခန်း၂

"ယောက်ဖရေ၊ လက်ဖက်ရည်ဆိုင်သွားမယ်ဟေ့"

ချစ်မင်း၏ ခေါ်သံကြောင့် အိမ်အပေါ်ထပ်မှ လှေကားအတိုင်း အမြန်ဆင်းလာရသည်။ အိမ်အောက်ရောက်တော့ ချစ်မင်းသည် ရေနွေးကြမ်းသောက်နေ၏။

"ယောက်ဖ မင်းတစ်ယောက်တည်းလား၊ ကျန်တဲ့ကောင်တွေရော ဘယ်ရောက်ကုန်လဲ"

ချစ်မင်းသည် ရေနွေးကြမ်းအားကုန်အောင်သောက်ပြီးမှ မေးသောမေးခွန်းအားဖြေသည်။

"ဟိုဘက်အိမ်ကစောင့်မယ်တဲ့ဗျား၊ ဘန်းဘန်း မထလောက်သေးဘူး၊ နှိုးနေရလောက်တယ်"

ဘန်းဘန်းဆိုသည်မှာ တစ်ခြားသူတော့ မဟုတ်ပါ၊ တော်တော်မှဆိုးသော ထက်အောင်ပြည့် ဖြစ်၏။ဘယ်လောက်တောင်ဆိုးလည်းမေးလျှင် မေးတဲ့သူသည်ပင် 'မေးမိလေခြင်း'ဟုတွေးကာ နောင်တရသွားနိုင်သည်။ဘန်းဘန်းဟုခေါ်ရခြင်းသည်လည်း အကြောင်းတရားရှိ၏။ သူငယ်ချင်းတတွေ အလှူအိမ်သွား၍ဂုန်းဆင်းရင်း ဝက်သားဟင်းစား၍ ဒိန်ချဉ်သောက်ကာ ဝမ်းလျော၍ရလာသော နာမည်ပင်။

"အဲ့ကောင်ကို ဘယ်လိုမှပြုပြင်ပေးလို့မရဘူး၊ ငါပြောပေါင်းများပြီ၊ သူငယ်ချင်းတွေနဲ့ချိန်းထားရင် ကိုယ့်ကိုမနှိုးရစေနဲ့ဆိုတာ လုံးဝပြောမရဘူး၊ ဟိုတစ်ခါ ပြင်ဦးလွင်တက်တုန်းကပဲကြည့်လေ နေပူမှာစိုးလို့ မနက်၆နာရီ ရွာထိပ်အရောက်လို့ပြောထားတာကို ၇နာရီမှရောက်လာတယ်"

ချစ်မင်းသည် စည်သူမောင်ပြောသမျှအားနားထောင်ကာ ရယ်မိပြန်သည်။

"မင်းနဲ့ဘန်းဘန်းက ဘာလို့မတူကြတာလဲ"

ဪ မေးတက်ပါဘိ။တူစရာလား။

"ဘယ်တူမှာလဲကွ သားအဖမှ မဟုတ်တာ"

စည်သူမောင်၏စကားကြောင့် ချစ်မင်းခင်မျာ ဘာပြောရမှန်းမသိဖြစ်သွား၏။

"ဒါတော့သိတာပေါ့ကွ၊ မင်းပြောမှလား ငါပြောချင်တာကအိမ်ချင်းကပ်ရက်ကွာ၊ ပြီးတော့ဘော်ဒါတွေထဲမှာတောင် မင်းက ဘန်းဘန်းကို အချစ်ဆုံးမို့လား"

"အို ရာရာစစ ငါကဘာကြောင့် ဘန်းဘန်းကိုအချစ်ဆုံးဖြစ်ရမှာလဲ၊ မင်းတို့နဲ့တန်းတူခင်မင်တာပါပဲကွ"

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now