Part 21

523 39 3
                                    

အခန်း ၂၁

"ကိုလင်း ဒီခဏလာအုံး"

ထက်အောင်ပြည့် ပွဲရုံသူဌေးနှင့်စကားပြောနေစဉ် ရဲနိုင်သည် ချစ်လင်းအားအပြင်ကိုခေါ်ထုတ်လိုက်သည်။

"ဘာလဲကွ ဒီမှာ စကားပြောနေတာကို"

"ပိုက်ဆံချေပြီးပြီမလား"

"အင်း၊ ဘာလို့လဲ"

ရဲနိုင်သည် သူချွတ်ထားသောလက်ရှည်အားကောက်ဝတ်၏။ ထို့နောက်တွင် ယူစရာရှိတာတွေကို ကားပေါ်တင်၏။

"ငါတို့ မနက်ဖြန်မနက်ကိုပြန်ရောက်အောင်ပြန်မယ် အာ ဒီနေ့ညကွာ"

"နေပါအုံးကွ ငါတို့ မူဆယ်မှာ နေအုံးမယ်လေ၊ ဝယ်စရာရှိတာတွေဝယ်ရအုံးမှာကို"

"ရွာကကောင်တွေ ငါ့ကိုဖုန်းဆက်တယ်၊ မနက်ဖြန်ညနေ စည်သူ့ကို အေးချမ်းနဲ့စေ့စပ်ပေးမှာတဲ့၊ ငါတို့ချက်ချင်းပြန်မှဖြစ်မယ်၊ ထက်အောင်ကို ဖြေးဖြေးမှပြောကြတာပေါ့"

ချစ်လင်းသည် နည်းနည်းငြိမ်သက်သွားသည်။ ထင်မထားတာတွေဖြစ်လာတော့မှာကိုတွေးမိခြင်းပင်။

"ကိုလင်း ဘာဖြစ်နေတာလဲ၊ ပစ္စည်းတွေတင်လေ"

"အေး ငါ..ငါ အတွေးလွန်သွားတာ"

"နောက်မှတွေးစမ်းကွာ၊ ဒါလေးတွေတင်လိုက်တော့ ငါ ဘန်းဘန်းကိုသွားခေါ်အုံးမယ်"

ရဲနိုင်ထွက်သွားကာမှ ကျန်ရှိနေသောပစ္စည်တွေကို ကားပေါ်ပစ်တင်လိုက်သည်။

...........

.....................

"ဘာဖြစ်တာလဲ၊ ဘာလို့ဇွတ်ပြန်ချင်နေကြတာလဲ"

"ငါ့အဘွားဆုံးလို့"

ရဲနိုင်သည် ကားကိုသာ အာရုံစိုက်နေတာမို့ သူပြောတဲ့စကားကို သတိမထားမိပါ။

"ဟ ဘာလို့လဲ မင်းအဘွားက ပြီးခဲ့တဲ့နှစ်ကဆုံးတာလေ၊ ဘာတွေပြောနေတာလဲ"

ထိုအခါမှ ရဲနိုင်သည် သူပြောတာကိုမှားမှန်းသိလိုက်သည်။ သို့သော်အကြောင်းပြချက်ကပေါ်မလာပါ။

"ဟို...ဟို စတာပါကွာ၊ ငါ ဗိုက်အောင့်နေလို့ အိမ်ပြန်ရအောင်နော်"

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now