အခန်း၁၇
"ကိုကို"
"ဗျာ"
"ချမ်း ကို လက်မထပ်ချင်ဘူးလို့ပြောလိုက်တယ်ဆို "
"တိုးတိုးပြောပါ ငါ့ညီမရယ် လူကြီးတွေကြားသွားပါ့မယ်"
စည်သူသည် သူ့ညီမ၏ပါးစပ်အား အသာလေးသူ့လက်ဖြင့်လှမ်းပိတ်၏။ သင်းမြတ်မောင်သည် အစ်ကိုဖြစ်သူအားမျက်စောင်းလေးထိုးလိုက်သည်။ ထို့နောက်တွင် သူ့အစ်ကိုဝတ်ထားသောအိင်္ကျီကိုကြည့်မိပြန်သည်။
"ဟင်း အခုမှ လူကြီးတွေသိမှာကြောက်ပြနေတယ်။ နေပါအုံး ဘယ်သူ့အိင်္ကျီတွေယူဝတ်လာတာလဲ မမြင်ဖူးပါဘူး"
ထိုအခါမှ ဝတ်ထားသောအိင်္ကျီကို ငုံ့ကြည့်မိသည်။
"ဪ မနေ့က အိမ်ဘက်ကိုပြန်ပြီးအဝတ်အစားယူရမှာပျင်းလို့ ဘန်းဘန်းဟာယူဝတ်ထားတာ ဘာဖြစ်လို့လဲ အဆင်ပြေပါတယ် "
"အဆင်ပြေတာက ပြေပါတယ် ဒါနဲ့ ကိုကိုက ကိုကြီးထက်အောင်ကို သိပ်ချစ်တာပဲလား"
"အင်း .....ဟင်"
သင်းမြတ်မောင်သည် သက်ပြင်းချလိုက်၏။
"ဘာတွေဖြစ်နေတာလဲ၊ ကိုကိုက သူများအိင်္ကျီယူဝတ်တာမမြင်ဖူးလို့လေ အဲဒါကြောင့်သိပ်ချစ်တာပဲလားလို့မေးတာ"
ထိုအခါမှ သူ့ဘာသာမလုံမလဲဖြစ်တာကို တွေးကာရှက်မိသွားသည်။
"အင်း ငယ်ငယ်ကတည်းကသူငယ်ချင်းဆိုတော့၊ နောက်ပြီး ဘန်းဘန်းနဲ့နေရတာ သက်တောင့်သက်သာဖြစ်တယ်လေ"
"ဪ မဖြစ်သင့်တာတွေတော့ ဆင်ခြင်ကြပေါ့"
ညီမဖြစ်သူပြောသွားသောစကားကို စည်သူနားမလည်ပါ။ သူဘာကိုပြောချင်တာပါလိမ့်။
"ဘာမှတွေးမနေနဲ့ ဒီတိုင်း ဒီတိုင်း ပြောပြတာ၊ သူငယ်ချင်းတွေပေါင်းပြီး အရမ်းမကဲနဲ့လို့ပြောတာ"
"အင်းပါ ငါသိပါတယ် ငါနင့်အကိုပါ"
သင်းမြတ်မောင်သည် သူ့အစ်ကိုနားမှထသွားရန်ပြင်ရင်း သူ့အစ်ကိုဘက်ကို ပြန်လှည့်လာသည်။
"ကိုကို "
"အင်း "
"သိပ်ကို ပင်ပန်းနေမှာပဲနော်"
BINABASA MO ANG
မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)Completed