Part 3

1.1K 78 2
                                    


အခန်း ၃

"စဉ်းစာကြည့်ကွာ ငါပြောတာမှားသလား"

ရဲနိုင်သည် စည်သူမောင်၏ စကားအားနားထောင်ရင်းဘဝင်မကျတော့၊ မျက်မှောင်ကြုတ်ရင်းပင် ဆရာမပေးခဲ့သော သင်ခန်းစာအား တွက်ချက်နေ၏။

"မင်းမို့ကွာ၊ ငါ့သားလေးဂျက်ကီကို ဒီကောင့် သမီးနဲ့ပေးစားဖို့တွေးတယ်၊ ငါကတော့ သဘောမတူနိုင်ဘူး၊ သူ့သမီးမျက်နှာက မလှဘူးကွ"

စည်သူမောင်သည် ပါးစပ်မှ သင်္ချာ ၂ သင်ခန်းစာ၏ "ထောက်မှန်ခံအနား ၂ထပ်သည် ကျန်အနားနှစ်ဖက်၏ ၂ထပ်ပေါင်းခြင်းနှင့် ညီပါသည်" ဟူသော note အားကျက်မှတ်နေသည်။ထို့နောက်တွင် ရဲနိုင်ရှိရာသို့လှည့်ကာ

"ခွေးတွေက လှတာ၊ မလှတာ ရှိသေးတယ်လား" ဟုမေးလိုက်သည်။

"ရှိတာပေါ့ကွ၊ ငါ့အိမ်က ဂျက်ကီက မျက်နှာကျကိုက မင်းသားရှုံးအောင်လှတာ"

"မြန်မာပြည်က မင်းသားလား၊ ငါတော့ ခွေးတွေ၊ နွားတွေက တစ်မျက်နှာတည်းလို့ ခံစားရတာပဲ"

"အေး မြန်မာပြည်ကမင်းသားနီးပါးပဲ၊ သူ့ကိုပြောပေးစမ်းပါဦး ၊ ငါ့သားကို သူ့သမီးလို နီကြောင်ကြောင်မ နဲ့ သဘောမတူတဲ့အကြောင်း၊ သူ ဆရာမဆီ စာသွားပြီးအလွတ်ဆိုနေလို့ ကျောင်းကလည်းဆင်းတော့မှာလေ၊ မပြောဖြစ်မှာစိုးလို့"

"အေးအေး ငါပြောပေးမယ်၊ သူ့သမီးမင်္ဂလာကိစ္စဆိုတော့ သူသိသင့်တာပေါ့"

"ဒါနဲ့ သင်္ချာ၂တွက်ပြီးပြီလား ၊ ပြပါအုံး ဘာမှန်းကို မသိလို့"

"သင်္ချာ၂ကို ကျက်ဖြေကတည်းက မင်းကိုအထင်မကြီးတော့တာ၊ ရော့ ကူး"

ပေးသောစာအုပ်အားယူကာ ပျော်ပျော်ရွှင်ရွှင်ကြီးကူးလိုက်၏။

" အိမ်ရောက်ရင် ငါ့ကိုပြန်ရှင်းပြနော်"ဟူသောစကားကြောင့် အမြင်ကပ်မိပြန်သည်။ သူ့ကိုစာရှင်းပြလျှင် အခြေခံကစပြီးပြန်ရှင်းပြရလို့ပင်။

ကလင်...ကလင်....ကလင်

ကျောင်းဆင်းခေါင်းလောင်းမြည်လာချိန် အတန်းပိုင်ဆရာမအား အမြန်နှုတ်ဆက်လိုက်ကြသည်။ တော်ကြာ 'နေအုံး' ဘာညာဆိုကြာနေမှာစိုးရတယ်မဟုတ်လား။ ထို့နောက်တွင် ဝုန်းခနဲ့ပြေးထွက်လိုက်ကြတာများ နွားအုပ်ကြီးဖြတ်သွားသလားတောင်ထင်ရသည်။ ကျွန်တော်ကတော့ စာအုပ်တွေကိုအေးအေးဆေးဆေးသိမ်းနေရစ်၏။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWo Geschichten leben. Entdecke jetzt