Part 20

564 40 1
                                    

အခန်း၂၀

"ငါပြောတာသဘောပေါက်လား"

ဦးမောင်မောင်သည် သူ့သားအား ခပ်မာမာပြောလိုက်သည်။ သမီးဖြစ်သူနှင့် မိန်းမဖြစ်သူကတော့ ဘာမှ ဝင်မပြောပေ။ဝင်မပြောရဲတာဆို ပိုမှန်လိမ့်မည်။

"သား သားမလုပ်ချင်ဘူး"

"ဘာကွ တစ်ဖက်က စေ့စပ်ဖို့ပြောလာတာ၊ နောက်ပြီး ငါလည်း မင်းတို့ကိုမြန်မြန်လက်ထပ်ပေးမှာ၊ မနက်ဖြန်စေ့စပ်ဖို့ငါပြောပြီးပြီ။ လက်ထပ်တာကိုလည်း ကပ်ပြီးစီစဉ်မယ်။ နောက်တစ်ပတ်ထဲဆို ထက်အောင်လည်း မူဆယ်ကနေပြန်ရောက်ပြီဆိုတော့ လူစုံတယ်"

အဖေသည် ကျွန်တော်နှင့်မောင့်အကြောင်းကို မသိသေးပါ။ ကျွန်တော့်ချစ်သူသည် မောင်ဆိုတာ မသိတာမို့ ထိုသို့ပြောခြင်းပင်။

"ဒါပေမဲ့ဗျာ၊ ဘယ်လိုစိတ်နဲ့ ....ဘယ်လိုစိတ်နဲ့သားက အေးချမ်းပြည့်ကို လက်ထပ်လို့ရမှာလဲ"

"ဒါတွေငါမသိချင်ဘူးဟေ့ကောင်...ငါသိတာ မင်းကိုလက်ထပ်ပေးဖို့ပဲ"

"သားစိတ်ကို အဖေသိရက်သားနဲ့"

"သိလို့အသိပေးတာ ပြင်ဆင်ထား"

အဖေ့ကို ဘယ်လိုမှ နားချလို့ရမယ်မထင်။ မောင့်ကလည်းဒီမှာမရှိ။ ဖုန်းဆက်ပြီးလှမ်းခေါ်လိုက်လျှင်လည်း ချက်ချင်းပြန်လာမှာသိသည်။ မောင့်အကြောင်းသိသည်။ မောင်က မိမိနှင့်ပတ်သက်လျှင်တဇွတ်ထိုးဆန်သည်။ ဒါဟာလည်းအခုမှ ထပြီးစိတ်ပူတာမဟုတ်ပါ။

........................................................................

၈တန်းနှစ်နွေရာသီ...

ထက်အောင်ပြည့်သည် အိမ်ရှေ့တွင်ထိုင်ကာ ရေဒီယိုကို ကလိနေသည်။

"ငါတို့အမေဆိုသည်မှာ MP4လေးတစ်လုံးဝယ်ပေးဖို့တောင်ပြောမရဘူး။ မဟုတ်တာတွေမကြည့်ပါဘူးဆိုတာကိုမရတာ။ မနှစ်ကတည်းကပြောထားတာကို အခုချိန်ထိဘာတွေစောင့်နေမှန်းမသိဘူး။"

ရေဒီယိုကို တဘုတ်ဘုတ်ရိုက်နေရင်းပါးစပ်က တတွတ်တွတ်ပြောနေ၏။ ထိုစဉ် လမ်းကြားတွင်တီးတိုးပြောဆိုနေသောအသံပလုံစီကို ကြားလိုက်ရ၏။

မကြားချင်ယောင်ဆောင်သော ကြယ် (မကြားချင်ယောင်ဆောင်သော ကြယ်)CompletedWhere stories live. Discover now