အခန်း-၁

52.7K 1.5K 24
                                    

Unicode

"omega အများစုရဲ့ estrus cycle က ရိုးရှင်းတယ်၊ ငါတို့သိထားတဲ့ cycle တွေက သုံးရက်ကနေ တစ်ပတ်လောက်အထိပဲကြာမြင့်နိုင်ပြီး တစ်ချို့တစ်လေကသာ အဲ့ထက်ပိုပြီးကြာနိုင်တာ၊ ဒီလို cycle မျိုးကို ဖြတ်သန်းနေရတဲ့ omega တွေက alpha pheromones တွေနဲ့ ချွေးသိပ်နှစ်သိမ့်ခံဖို့ အထူးလိုအပ်တယ် ဒါပေမဲ့ ဒီကာလမှာပဲ သူတို့ဟာ alpha တွေနဲ့ ဝေးဝေးမှာနေတာကလည်း ပိုပြီးကောင်းပြန်ရော"

ဗီဇနဲ့သိပ္ပံတန်းရဲ့ ပထမဆုံးရက်မှာ ငယ်စဉ်ထဲက အချိန်ပြည့်ခေါင်းထဲထည့်ပေးခဲ့တဲ့ သတိပေးချက်တွေကိုပဲ တဝဲလည်လည်ပြန်နားထောင်နေရတယ်။ မျိုးရိုးဗီဇဆေးတက္ကသိုလ်ရဲ့ပထမဆုံးရက်မှာ ကျောင်းသားတွေက ဒါကိုနားထောင်ရပေမဲ့လည်း တက်ကြွစွာ မျက်လုံးကိုအပီအပြင်ဖွင့်ထားရင်း နိုးနိုးကြားကြားရှိနေကြသေးသည်။

စာရှင်းပြနေတဲ့ ကျူတာက အသက်နှစ်ဆယ်ကျော်ဝန်းကျင်သာရှိသေးတဲ့ ဆရာမတစ်ယောက်ဖြစ်ပြီး သူက alpha ဖြစ်ပုံရတယ်။ ဘာလို့ဆို မျိုးရိုးဗီဇလိင်ကို ခွဲခြားမှုမြင့်မားတဲ့ ဒီကမ္ဘာမှာ alpha တွေကသာလျှင် အရာရာကို ငယ်ငယ်ရွယ်ရွယ်နဲ့ စွမ်းဆောင်နိုင်လေ့ရှိတာမို့လို့ပဲ။

အတန်းရဲ့ရှေ့ဆုံးမှာရှိနေတဲ့သူမက အသံကိုနည်းနည်းမြှင့်လိုက်ပြီး အဆုံးသတ်အနေနဲ့ထပ်ပြောလိုက်တယ်။

"ဘယ်လိုမျိုးရိုးဗီဇနဲ့ပဲမွေးဖွားလာပါစေ အားလုံးကအတူတူပဲ၊ ငါတို့အားလုံးက ပင်ကိုပါလာပြီးသားဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ မွေးဖွားလာကြတာဖြစ်လို့ Aတိုင်းကမထက်မြတ်နိုင်သလို O တိုင်းကလည်း ပျော့ညံ့နေတာမဟုတ်ဘူးလေ"

တစ်ချိန်လုံး မျက်နှာသေနဲ့ပဲ ကျူတာဆရာမရဲ့စကားတွေကို ထိုင်နားထောင်နေတဲ့ သွေးသက်မင်းဆက် ရဲ့နှုတ်ခမ်းဖျားပေါ်မှာ အပြုံးယဲ့ယဲ့လေးပေါ်လာပြီး ဆရာမရဲ့စကားကို အသံတိတ်သဘောကျကြောင်းပြလိုက်တယ်။

အတန်းပြီးသွားချိန်မှာတော့ အတန်းစထဲက တိတ်တခိုးငေးကြည့်နေခဲ့တဲ့ Omega လေးတွေအများစုက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ မှတ်ချက်တွေစုံနေအောင်ပေးကြတော့တယ်။

LWON (COMPLETED)Where stories live. Discover now