Unicode
ဆစ်ခနဲ ဆစ်ခနဲနာကျင်တဲ့ ခံစားမှုကြောင့် နိုးတစ်ဝက် အိပ်တစ်ဝက်ကနေ သွေးသက် လန့်နိုးလာခဲ့သည်။
"ဟင်းးး..အာ.."
မိုးလင်းနေပြီဖြစ်ပြီး အယ်လ်ဖာက သူ့အပေါ်မှာအုပ်မိုးနေတယ်။ အခုထိကို ကိုက်ခဲနေဆဲဖြစ်တာကြောင့် စောစောစီးစီး သွေးသက်ရဲ့ ကျိန်ဆဲသံခပ်အုပ်အုပ်က ထွက်လာတော့၏။
"သူတောင်းစားကြီး! အခုထိမပြီးနိုင်သေးဘူးလား နာနေပြီ မရတော့ဘူးလို့!"
ရင်သားတစ်ဖက်ကိုငုံထားရင်း အယ်လ်ဖာက မျက်မှောင်လေးကျုံ့ကာ မော့ကြည့်လာသည်။ ဝမ်းနည်းကာ အလိုမကျတော့သလို အမူအရာလေးဖြင့် မျက်လုံးများကိုမှေးပြလာ၏။
သို့သော်လွှတ်မပေးသေးတာကြောင့် သွေးသက်က အားယူကာထဖို့ ကြိုးစားလိုက်သည်။ အရာမထင်စွာ ဓာတုလွန်က လက်တွေကိုချုပ်ထားတာမို့ လှုပ်မရပြန်ပေ။
"တော်တော့လို့! မင်းနဲ့ကွာမယ် အမြဲအနိုင်ကျင့်နေတာပဲ!"
"ရွှတ်!"
"မင်း!"
ဓာတုလွန်က သွေးသက်ကို အလွှတ်ပေးလိုက်ပြီး ခပ်တိုးတိုးရယ်မောလာတယ်။ အယ်လ်ဖာက အရမ်းပျော်မြူးနေပြီး စိတ်ကျေနပ်နေတာ အရမ်းသိသာတယ်။အပေါ်ကိုတိုးလာပြီး သွေးသက်ရဲ့ မျက်နှာနဲ့ မျက်နှာချင်းဆိုင်မှာ ရပ်တန့်လိုက်ကာ ဓာတုလွန်က သူ့နှုတ်ခမ်းထောင့်မှာ အနည်းငယ်စီးကျနေတဲ့ နို့ရည်ကြည်တွေကို လျှာနဲ့သပ်လိုက်တယ်။
သွေးသက်ရဲ့ ပါးပြင်တစ်ခုလုံးရော နားရွက်ကလေးတွေရော ရဲခနဲ။ အယ်လ်ဖာက ပြုံးစိစိနဲ့ပဲ သွေးသက်ရဲ့ပါးကို လက်ညိုးလေးနဲ့ပွတ်လာကာ..
"မင်းရှက်နေပြန်ပြီ"
"ဘယ်သူမှမရှက်ဘူး!"
ဓာတုလွန်က တခစ်ခစ်ရယ်မောလာပြီး သွေးသက်ရဲ့ ပါးကိုဖိနမ်းလိုက်သည်။
"အင်း..ဘယ်သူမှမရှက်ဘူး မင်းလေးပဲရှက်နေတာလေ"
"မင်း..ငါ့ကိုစမနေနဲ့ ဖယ်ပေးတော့ သက်သျှန်နိုးနေလောက်ပြီ ညကလည်းနိုးသေးလားမသိဘူး ငါသွားကြည့်ရမယ် ဗိုက်ဆာနေလောက်ပြီ"