အခန္း(၃၅)

12.9K 699 44
                                    

Unicode

သွေးသက်ရဲ့ ဝင်ခွင့်လျှောက်လွှာက မကြာခင်အကြောင်းပြန်တော့မှာမို့ အခုရက်ပိုင်း အဲ့တာကိုပဲ စိတ်ထဲ မကြာခဏဆိုသလိုရောက်နေခဲ့သည်။ ဒီရက်ပိုင်းအတွင်းတောင် ဖြစ်ဖို့များတယ်။မျက်နှာကျက်ကိုငေးကြည့်ရင်း ငြိမ်နေတဲ့သွေးသက်ကြောင့် ဓာတုလွန်က သူ့ခံတွင်းထဲကိုရောက်နေတဲ့ နို့သီးခေါင်းလေးကို ကိုက်ချလိုက်၏။

"အာ့! ဘာလို့ကိုက်တာလဲ"

်အယ်လ်ဖာက သွေးသက်ရဲ့ ရင်ဘတ်ကိုမှီတွယ်နေရာကနေ ကုန်းထလာပြီး နှုတ်ခမ်းထောင့်က စီးကျနေတဲ့ နို့ရည်ကြည်လေးတွေကို လက်ခုံနဲ့ဖိသုတ်တယ်။

ဓာတုလွန်က မကြာခဏဆိုသလို သက်သျှန်လေးရဲ့ စားစရာကိုလုယူနေပြီး တစ်ညလုံးအလွတ်မပေးပါပေ။

"ဘာတွေတွေးနေတာလဲ"

"ဘာမှမတွေးဘူး"

"တွေးနေရက်သားနဲ့"

သွေးသက်က ဓာတုလွန်ရဲ့ မျက်လုံးတွေကို ရှောင်ဖယ်လိုက်ပြီး ရင်ဘတ်ကိုလက်ဖြင့်တွန်းကာ

"တော်တော့..မိုးလင်းနေပြီ"

"အခုမှ ငါးနာရီခွဲပဲရှိသေးတယ် နည်းနည်းလောက်ထပ်အိပ်ရအောင်"

ဓာတုလွန်က ဘေးဘက်မှာလှဲချလာပြီး သွေးသက်ကိုရင်ခွင်ထဲထည့်ကာ မျက်လုံးတွေမှိတ်ရင်း ငြိမ်သွား၏။ အယ်လ်ဖာရဲ့ ရင်ငွေ့နွေးနွေးကိုခိုလှုံရင်း သွေးသက် စိတ်ထဲမတင်မကျဖြစ်လာသည်။

"ဓာတုလွန်.."

"..."

"ဓာတုလွန်"

"...."

သွေးသက်ခေါ်နေပေမဲ့ အယ်လ်ဖာက ပြန်မထူးပေ။ မျက်လုံးတွေမှိတ်ထားပြီး နှုတ်ခမ်းထောင့်စွန်းက ကော့ညွှတ်နေ၏။

"မင်းမအိပ်သေးတာငါသိတယ်"

အယ်လ်ဖာရဲ့ နှုတ်ခမ်းတွေက ချုပ်တီးမထားနိုင်တော့ဘဲ ကွေးညွတ်လာကာ သွားတန်းဖြူဖြူတွေပေါ်အောင်ရယ်လာတယ်။ အနက်ရောင်မျက်ဝန်းတွေက ပွင့်ဟလာပြီး သွေးသက်ကိုငုံ့ကြည့်ကာ...

"ဘာလို့ခေါ်နေတာလဲ မင်းပြောချင်တာရှိရင်ပြောပေါ့ ကိုယ်နားထောင်နေတယ်ဆိုတာ မင်းသိတာပဲကို"

LWON (COMPLETED)Where stories live. Discover now