Unicode
Flight time က delay ဖြစ်တာကြောင့် ဓာတုလွန် London ကိုရောက်တဲ့အချိန်မှာ နောက်တစ်နေ့ကိုတောင်ကူးနေခဲ့ပြီ။ သွေးသက်ရဲ့နေအိမ်ကိုရောက်တော့ အိုမီဂါက ကော်ဖီတစ်ခွက်ဖျော်ရင်း ဧည့်ခန်းထဲမှာ အေးဆေးလုပ်နေတာကို တွေ့လိုက်ရလေသည်။
"ကျောင်းမသွားဘူးလား"
"ရောက်ပြီလား"
နှစ်ယောက်လုံးဆီကနေ အမေးစကားတွေသံပြိုင်ထွက်လာပြီး ဘယ်သူကမှလည်း တစ်ယောက်ကိုမေးခွန်းကို တစ်ယောက်ပြန်မဖြေဘူး။ ဓာတုလွန်က မျက်မှောင်ကြီးကျုံ့ထားရင်း ဖိနပ်ချွတ်ကာ အိမ်ထဲကိုဝင်လာသည်။ သွေးသက်ကတော့ ကော်ဖီခွက်ကိုပိုက်ကာ ဆိုဖာမှာခပ်လျော့လျော့မှီချလိုက်ရင်း ခေါင်းငုံ့ထား၏။
အယ်လ်ဖာက သွေးသက်ရဲ့ဘေးမှာ ဝင်ထိုင်လိုက်ရင်း
"မင်းကိုလွတ်လပ်ခွင့်ပေးမယ်လို့ပြောခဲ့တယ်လေ ဘာလို့ကျောင်းထွက်စာတင်တာလဲ"
"ကော်ဖီသောက်ဦးမလား"
"ကော်ဖီသောက်ဖို့လာတာမဟုတ်ဘူး အရူးကွက်နင်းမနေနဲ့"
သွေးသက်က ဓာတုလွန်ကိုတစ်ချက်မော့ကြည့်လာပြီး...
"လုပ်သင့်တယ်ထင်တာကိုရွေးလိုက်တာ အများကြီးအာရုံစိုက်မနေနဲ့"
"အဲ့လုပ်သင့်တယ်ဆိုတာကဘာလဲ..ကိုယ့်ကိုအခွင့်အရေးပေးတာလား၊ အဲ့တာဆိုရင်တော့ မလိုဘူး မင်းဖြစ်ချင်တဲ့အရာကိုပဲ ဖြစ်အောင်လုပ်၊ ကိုယ်ကဘာဖြစ်ဖြစ် ကိစ္စမရှိဘူး"
"ငါအကုန်လုံးကိုရပ်ပစ်ပြီး ဟိုကိုပြန်လာမှာလေ၊ မင်းဆီကိုပြန်လာမှာ၊ မင်း..သဘောမကျလို့လား"
"သဘောမကျဘဲနေပါ့မလား အဲ့လိုဆိုရင်ကိုယ်ကအရမ်းကြိုက်တာပေါ့၊ ဒါပေမဲ့ အဲ့လိုနေရဖို့ နောက်ထပ်နှစ်နည်းနည်းလောက် ထပ်စောင့်ရလည်း ကိစ္စမရှိပါဘူး"
သွေးသက်က ကော်ဖီခွက်ကို စားပွဲပေါ်ချလိုက်ပြီး ဓာတုလွန်ဘက်ကို တည့်တည့်လှည့်လာသည်။
"အဲ့လောက်မလွယ်ဘူး၊ estrus ကာလတွေ သမီးလေးနဲ့သားအဖဆက်ဆံရေးတွေ သေချာပြန်တွေးကြည့်လိုက်တော့ အဲ့လောက်ထိ လွယ်လွယ်ကူကူဖြတ်သန်းနိုင်မှာမဟုတ်ဘူး"