Unicode
"ဖယ်ပေးလိုက်"
ပန်းစည်းရဲ့အောက်ခြေကို ကြွေမွမတတ် ဆုပ်ချေထားတဲ့ လက်တွေကို နူးညံ့ပြီးသန်မာတဲ့ လက်တစ်စုံက လာရောက်ထိကိုင်ကာ သတိပေးလာတယ်။ ဓာတုလွန် ဖြတ်ခနဲလှည့်ကြည့်လိုက်တော့ သွေးသက်က တည်ငြိမ်ပြီး အေးစက်စက်မျက်ဝန်းတွေနဲ့ တည်တံ့ကို စိုက်ကြည့်နေတယ်။
တည်တံ့မြဲမြံဆိုတဲ့ ကောင်ကို ဓာတုလွန်က တစ်ချက်ပြန်လှည့်ုကြည့်လိုက်ပြီးမှ ရှေ့ကနေဖယ်ပေးလေသည်။ နေခြည်သွေးသက်ရဲ့ ဘေးနေရာမှာ ဝင်ထိုင်လိုက်ပြီး သွေးသက်အနားကပ်သွားတဲ့ အယ်လ်ဖာကောင်ရဲ့ နောက်ကျောကိုပဲ စိုက်ကြည့်နေရတော့၏။
ခဏကြာအောင် သွေးသက်နဲ့ တည်တံ့ကြားမှာ ဘာစကားဝိုင်းမှ ဖြစ်ပေါ်မလာဘဲ တိတ်ဆိတ်နေခဲ့ပြီးမှ တည်တံ့ဘက်ကအရင်စကားစလာတယ်။
"မင်း..အရမ်းနာလား"
"ငါခံနိုင်ရည်ရှိတယ်"
"အင်း..မင်းကသန်မာတာပဲကို"
သွေးသက်က တည်တံ့ကို မျက်မှောင်တွေကုပ်ရင်း ခပ်စူးစူးကြည့်တော့ အယ်လ်ဖာက နှုတ်ခမ်းတွေကော့ညွှတ်သွားပြီး
"ငါမင်းနဲ့ ရန်ဖြစ်မှာမဟုတ်ဘူးနော်..သတင်းလာမေးတာ ငါ့ကိုအဲ့လိုမကြည့်နဲ့"
"အဲ့တော့ဘယ်လိုကြည့်စေချင်တာလဲ လူစွမ်းကောင်းကြီးတွေလိုလား"
သွေးသက်က အရွဲ့တိုက်တဲ့နေရာမှာ တအားတော်တယ်။ အောင့်သပ်သပ် ခံစားချက်နဲ့ပဲ တည်တံ့က ပျင်းတိပျင်းရွဲနဲ့ တိုးတိုးလေးရေရွတ်လာသည်။
"4 နှစ်တောင်ကြာသွားပြီကို..မင်းက အကိုကြီးကို အခုထိ ဗီလိန်ဇာတ်သွင်းနေတုန်းပဲ နဂိုထဲက သူငယ်ချင်းဆိုတာ နောက်ကျောဓားနဲ့ထိုးတတ်တဲ့ အမျိုးပဲလေ မရှိတော့တာ ဝမ်းနည်းစရာမှမဟုတ်တာ"
"မင်းပါးစပ်ပိတ်ထားလိုက်တော့ တည်တံ့မြဲမြံ!"
"အိုကေ..ဒေါသမထွက်နဲ့ ငါဆက်မပြောတော့ဘူး"
သွေးသက်က အံကြိတ်ထားရင်း စိတ်တိုလာကာ
"မင်းကတော်တော် ယုတ်မာတဲ့ကောင် လူသတ်သမား!"