Unicode
အညံ့ခံလိုစိတ်နဲ့ တစ်ဖက်လူရဲ့ အုပ်မိုးလာမှုကို တောင့်တမိတဲ့စိတ်၊ အဲ့ခံစားချက်တွေ ခေါင်းထဲဖြတ်ပြေးသွားတဲ့ အခိုက်အတန့်ကို ပထမဆုံးအကြိမ်အနေနဲ့ သွေးသက်ခံစားဖူးတာဖြစ်သည်။ အရမ်းကိုထူးဆန်းပြီး နည်းနည်းစိတ်တိုစရာလည်းကောင်းသည်။ မနေ့က အဲ့အချိန်မှာ ညီညီရောက်မလာခဲ့ရင် သွေးသက်တစ်ခုခုဖြစ်သွားနိုင်တယ်။ ဟိုဘက်က alpha ရဲ့ မြေရိုင်းနံ့တွေက တအားပြင်းထန်ပြီး သွေးသက်ကိုတောင် သွေးသားဆန္ဒတစ်ခုဖြစ်လာအောင် တွန်းအားပေးနိုင်တယ်။ အကျိုးဆက်ကတော့ သွေးသက်ကိုယ်တိုင်လည်း estrus ဝင်သွားတာပါပဲ။ ပုံမှန်ထက်ပိုမို များပြားလှတဲ့ ဝီစကီနံ့တွေ တက္ကသိုလ်မှာ လျှံကျမနေစေဖို့ သွေးသက်က သူသိပ်ကြိုက်တဲ့ မြက်ခြောက်နံ့ gland ကပ်ခွာလေးကို ဂုတ်မှာကပ်လိုက်တယ်။ အဲ့တာက စိုစွတ်မှုနည်းနည်းလေးတောင်မပါဝင်ဘဲ မွှေးမွှေးလေးနဲ့ စိတ်သက်သာရာရစေတဲ့ ခံစားချက်ကိုပေးတယ်။ ယုန်လေးတွေကို နမ်းရှိုက်နေရသလိုမျိုး ခံစားချက်ကိုလည်းပေးသေးတယ်။
ဒီအနံ့နဲ့ထုတ်တာက ရှားပါးပြီး ဒီနိုင်ငံမှာလည်း သိပ်သုံးလေ့မရှိဘူး။ အချိန်ပြည့်ခရီးထွက်နေတတ်တဲ့ သူ့ရဲ့မေမေကနေ တဆင့်ပို့ပေးလို့သာ ဒါတွေကိုသုံးလို့ရနေတာဖြစ်တယ်။
သွေးသက်ရဲ့ထူးခြားချက်က ကီဝီစိမ်းရောင်ဖျော့ဖျော့ရှိတဲ့ မျက်ဆံတွေဖြစ်ပြီး ရှည်လျားဖြောင့်စင်းနေတဲ့ မျက်တောင်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ မျက်ဝန်းတွေချင်းစုံလိုက်တိုင်း လေအေးတွေဖြတ်တိုက်သွားသလို ခံစားချက်ကိုပေးလာနိုင်တာပဲ။ သူက gland ကိုကာကွယ်ဖို့အတွက် အဖြူရောင်ဟူဒီခေါင်းစွပ်အပွကြီးကိုဝတ်ဆင်ထားပြီး ဟူဒီနဲ့ခေါင်းစွပ်ကိုနောက်လှန်ရင်း ဂုတ်ကိုဖွက်ထားသေးသည်။ အနည်းငယ်တိုနေတဲ့ ဂျင်းပြာက သူ့ရဲ့ သွယ်လျဖွေးစွတ်တဲ့ ခြေချင်းဝတ်ကိုလှစ်ဟာပြနေပြီး တော်တော်လေးဆွဲဆောင်မှုရှိတယ်။
အတန်းထဲကိုရောက်တော့ မနေ့က ပေါ်သွားတဲ့ သူ့ရဲ့ gender ကြောင့် alpha အများစုရဲ့မျက်လုံးတွေက တလက်လက်တောက်နေပြီး သူ့ကိုကြည့်နေကြတယ်။ ဒါပေမဲ့လည်း ဘယ်သူကမှ အနားကပ်လာပြီး ခြေလှမ်းတွေမစရဲဘူး။ ဦးဆောင်သူခေါင်းဆောင် ဖြစ်တယ်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်က ဘာလဲ သူတို့သေချာနားလည်တယ်။ နေ့တိုင်းစကားတွတ်ထိုးနေတတ်တဲ့ ရဲရဲကလည်း ထူးဆန်းစွာပင် ဒီနေ့မှာတော့ တိတ်ဆိတ်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ချောင်းကြည့်လို့နေသည်။ အချိန်ကြာတော့ ဒါကို သွေးသက်သည်းမခံနိုင်တော့ဘူး။ ရယ်ချင်နေတဲ့ မျက်လုံးစိမ်းဖျော့ဖျော့လေးတွေကလည်း ထိန်းချုပ်မထားနိုင်တော့ဘူး။ သွေးသက်က ကိုယ်ကို ရဲရဲဘက်အနည်းငယ်စောင်းလိုက်ပြီး နှုတ်ခမ်းလေးတွေကအနည်းငယ်ပြုံးသွားကာ နှစ်ကိုယ်ကြားရုံ တိုးတိုးလေးပြောလိုက်တယ်။