အခန်း(၁၃)

14.7K 842 26
                                    

Unicode

"မင်းတို့အဆင်ပြေပြေရှိတယ်လို့ကြားတယ် ဘယ်တော့လောက်များ ငါမြေးချီရမလဲ"

"ကျွန်တော်တို့ လက်ထပ်ထားတာ နှစ်လလောက်ပဲရှိပါသေးတယ်"

"အမ်း..ဘာပဲဖြစ်ဖြစ် မင်းတို့မှာလိုချင်စိတ်ရှိရင် နှစ်လလောက်နဲ့လည်း ရအောင်မင်းလုပ်နိုင်ပါတယ်"

ဦးလင်းထိုက်ရဲ့ အရှေ့မှာရိုကျိုးစွာထိုင်နေရင်း ဓာတုလွန်ဘာမှပြန်မပြောဘူး။ သူနေ့တိုင်း ညတိုင်းကြိုးစားနေမယ်ဆိုရင်တော့ ဒါကဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဖေနှစ်ယောက်ကြားမှာ ချစ်ခြင်းမရှိတဲ့အခါ ထွက်လာမဲ့ ကလေးအတွက် ကောင်းတာမရှိဘူးလို့ သွေးသက်မင်းဆက်က သူ့ကိုသတိပေးထားတယ်။ သူတပ်အပ်ပြောနိုင်တာတစ်ခုက သွေးသက်မင်းဆက်က သူနဲ့ရတဲ့ ကလေးကိုမလိုချင်ဘူး!

"ကျွန်တော်တို့ပြန်တိုင်ပင်ကြည့်ပါဦးမယ် ကလေးယူဖို့က အရမ်းစောနေသေးတယ်"

ဦးလင်းထိုက်က မျက်မှောင်ကြီးကျုံ့သွားပြီး..

"ဘယ်မှာစောလို့လဲ မင်းအသက်ပဲ ၂၈ရှိနေပြီ၊ အခုထဲက ကလေးတစ်ယောက်လောက်ယူထားမှတော်ကာကြမယ်"

ဓာတုလွန်ဘာမှထပ်မပြောတော့ဘဲ မျက်လုံးတွေလွှဲကာ ရှောင်ဖယ်နေလိုက်သည်။ ဦးလင်းထိုက်က သူလေးစားရတဲ့ မွေးစားအဖေဖြစ်ပြီးတော့ ငယ်ငယ်ထဲကသူ့အပေါ် အရမ်းစည်းကမ်းတင်းကြပ်ခဲ့လေသည်။

သဘောမနောကောင်းတဲ့ ထိုအမျိုးသားက သူ့အပေါ်မှာတော့ အမြဲစည်းတစ်ခုခြားပြီးနေတယ်လို့ ဓာတုလွန်အမြဲတမ်းခံစားခဲ့ရသည်။ လုပ်ငန်းလုပ်ဖို့ ဦးလင်းထိုက်ရဲ့သဘောထားကို ဆန့်ကျင်ခဲ့တာကလွဲပြီး ဓာတုလွန် ဘယ်တုန်းကမှ ဦးလင်းထိုက်အား မတွန်းလှန်ချင်ပါပေ။ လေးစားအားကျရပြီး သူ့ရဲ့စံပြပုဂ္ဂိုလ်ဆီမှ မကောင်းမြင်ခံရမှာ သူအကြောက်ဆုံးဖြစ်သည်မို့။

ဦးလင်းထိုက်နဲ့တွေ့ဆုံပြီး ဓာတုလွန် ကုမ္ပဏီကိုသွားချင်စိတ်မရှိတော့ပေ။ သူ ကားကို အိမ်ကိုပဲပြန်လှည့်လိုက်ပြီး ခပ်စောစောပြန်လာခဲ့သည်။ အိမ်ရဲ့စင်ဝင်အောက်မှာ သူမရင်းနှီးတဲ့ ကားတစ်စီးထိုးရပ်ထားပြီး အထဲမှဆူညံနေတဲ့ အသံတစ်ချို့ကိုလည်းကြားနေရသည်။ ရန်ဖြစ်နေပုံရတာကြောင့် ဓာတုလွန် ခပ်မြန်မြန်ပဲ ကားပေါ်ကဆင်းကာ အိမ်ထဲဝင်လာလိုက်တယ်။

LWON (COMPLETED)Where stories live. Discover now