Unicode
Umm..Hello
Lwon က Review ရသလားမသိပေမဲ့ notifications နဲ့ followers တွေ အများကြီးတက်လာတာရယ် completed ဖြစ်တော့မှာကြာင့်ရယ် ရေးလိုက်တာပါ။ သွေးနီက Lwon ကို Omegaverse အနေနဲ့ စတင်ပြီး ပုံဖော်ခဲ့ထဲက ဇာတ်လမ်းထဲမှာပါတဲ့ Characters တိုင်းရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေကိုလည်း တစ်ခါထဲ တွေးထားခဲ့ဖူးပါတယ်။ နာမည်တွေနဲ့ ဇာတ်အိမ်တွေကို သေချာစဉ်းစားပြီးတဲ့ နောက်မှာတော့ Alpha ငါးယောက်ထွက်လာပါတယ်။ Male Alpha လေးယောက်နဲ့ Female Alpha တစ်ယောက်ပါ။ သူတို့ တစ်ယောက်ချင်းဆီရဲ့ ကိုယ်ပိုင်အကျင့်စရိုက်တွေနဲ့ အပြုအမူတွေတိုင်းက Husky တစ်ကောင်ဆီကို ကိုယ်စားပြုပါတယ်။ ဆိုတော့ကာ ဓာတုလွန်အပါအဝင် သွေးဆီမှာ အမွှေးဖွားဖွားကြီးတွေနဲ့ ဟတ်စကီး ငါးကောင်ရှိတယ်ပေါ့။
Alpha တွေက အကြမ်းပတမ်းခံတဲ့ ငါးကောင်ဆိုရင် Omega တွေကတော့ နူးညံ့ပြီး သွေးတန်ဖိုးထားရတဲ့ အချစ်ကလေးတွေပါ။ Omega တွေကို အရမ်းချစ်ပါတယ်။ Huskies တွေအစား တာဝန်ယူပေးချင်တဲ့အထိ ချစ်ပါတယ်။ ဒါကတော့ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်ကောင်လေးတွေနဲ့ပတ်သတ်ပြီး ချစ်ခင်မြတ်နိုးမှု တစ်စိတ်တစ်ပိုင်းပါ။ သူတို့လေးတွေလည်း တစ်တွဲချင်းဆီ plot နဲ့ လာဖို့ရှိပါတယ်။ အားလုံးပေါင်း ငါးတွဲဆိုတော့ Huskiverse မှာ မွေးစားသား ဆယ်ယောက်ရှိတယ်ပေါ့နော်။ သားတွေထပ်တိုးဖို့နဲ့ မတိုးဖို့ကတော့ စိတ်အခြေအနေနဲ့ အတွေးစိတ်ကူးလေးတွေ အပေါ်မှာပဲ မူတည်ပါတယ်။
အရေးအသားနဲ့ပတ်သတ်ပြီးပြောရရင် Huskiverse လို့အမည်ပေးထားတဲ့ imagination world လေးတစ်ခုဖြစ်တဲ့အတွက် ဗဟုသုတရစရာတွေတော့ ပါဝင်မှာမဟုတ်ပါဘူး။ စိတ်ကူးယဉ်ပြီး ပုံဖော်ထားတာချည်းပဲမလို့ လက်တွေ့နဲ့နည်းနည်းလေးတောင် မသက်ဆိုင်ပါဘူး။ ပြောချင်တာကတော့ သုတရယ်ရသရယ်ပေါင်းစပ်ထားတဲ့ စာကြီးပေကြီးမျိုး ဖန်တီးနေတာ မဟုတ်တဲ့အတွက် လိုအပ်ချက်တွေကတော့ ဒုနဲ့ဒေးပါပဲ။ အရေးအသားလည်း အရမ်းကြီးပြေပြစ်ချောမွေ့တဲ့အထဲ မပါပေမဲ့ စိတ်တိုင်းမကျရင်တောင် ကိုယ့်ကိုကိုယ်တော့ စိတ်မပျက်ပါဘူး။ အဆင်မပြေတာတွေရှိနိုင်ပေမဲ့ တစ်ချို့နေရာလေးတွေမှာ ဇာတ်လမ်းသဘောအရ လက်တွေ့မှာ မဖြစ်နိုင်တာတွေ အများကြီးထည့်ထားပါတယ်။ အဲ့တာလေးတွေကိုက ဖြည့်တွေးမှအဆင်ပြေပါမယ် မဟုတ်ရင် ဖတ်ရတာအရသာမရှိဘဲဖြစ်သွားမှာ အသေအချာပါပဲနော်။