အခန်း(၁၄)

14.6K 824 26
                                    

Unicode

အာထရာဆောင်းပုံလေးကို ကြည့်ရင်းသွေးသက်အတွေးများနေခဲ့သည်။ သူ ဓာတုလွန်ကို ပြောသင့်ရဲ့လားဆိုတာကိုလည်း တွေဝေနေသည်။ Alpha က သူ့ကို တော်တော်လေးမုန်းနေသလို သူကလည်း Alpha နဲ့နီးစပ်ရမှာကို ကြောက်ရွံ့နေတယ်။ သူ Alpha ကိုမြင်တိုင်း နာကျင်ပြီးအားငယ်စရာကောင်းတဲ့ ခံစားချက်တွေကို ပြန်မတွေးမိဘဲ မနေနိုင်ဘူး။

"ကိုကိုဘာကြည့်နေတာလဲ"

ညီညီက ဆေးရုံကထမင်းကိုယူပြီး အခန်းထဲဝင်လာချိန်မှာ သွေးသက်က ပုံလေးကိုဖွက်လိုက်သည်။ သူဘယ်သူ့ကိုမှ မသိစေချင်သေးဘူး..

"ဆေးရုံကဆင်းလို့ရနေပြီပြောတယ် ကိုကိုတို့ဆေးရုံဆင်းရအောင်"

"နိုး! မရဘူး ကိုကိုမနက်ဖြန်အထိနေရမယ် ညီညီ့ကိုနှလုံးရောဂါရပြီး သေစေချင်လို့လား ကိုယ့်ကိုကိုယ်ဂရုမစိုက်ဘဲ ဆေးရုံအထိရောက်လာတာ"

"ကိုကို အားနည်းသွားရုံပါပဲ ဘာမှမဖြစ်ဘူး"

ရီဝေမင်းဆက်က သွေးသက်ကိုထမင်းခွံ့ကျွေးဖို့ပြင်နေပြီး သွေးသက်အဲ့တာကို ငြင်းလို့်မရဘူးဆိုတာသိတယ်။ သူအမြဲတမ်း ညီညီ့ကိုမရင့်ကျက်သေးတဲ့ ကလေးတစ်ယောက်အနေနဲ့ပဲ သတ်မှတ်ထားခဲ့တာ။ မမျှော်လင့်ဘဲ မင်္ဂလာပွဲကိုလုပ်ပြီးကာမှ ညီညီကအရင်ကထက်ပိုပြီး သွေးသက်ကိုဂရုစိုက်လာတယ်။ အရိပ်တကြည့်ကြည့်နဲ့ မကြာမကြာ လာလာတွေ့သည်။

"ပြဿနာရှိရင် ညီညီ့ကိုပြော! ညီညီဖြေရှင်းပေးမယ်"

သူ့မျက်ဝန်းတွေထဲ စိုက်ကြည့်လာပြီး လူကြီးတစ်ယောက်လို ပြုမူနေတဲ့ ညီညီ့ကိုသူရယ်ကာပြောလိုက်တယ်။

"ကလေးက လူကြီးကိစ္စတွေကို နားမလည်ပါဘူး"

ရီဝေမင်းဆက်က မျက်ခုံးတွေအနည်းငယ်ကျုံ့သွားပြီး သွေးသက်ရဲ့လက်ကို ဖွဖွလေးဆုပ်ကိုင်လာတယ်။

"ညီညီ ကလေးမဟုတ်တော့ဘူး ကိုကို!"

သူ့ညီလေးကနည်းနည်းထူးဆန်းနေတယ်။ သွေးသက် ညီညီ့လက်တွေထဲက ရုန်းထွက်လိုက်ပြီး ညီညီ့ကိုဆက်မကြည့်တော့ဘူး။ တကယ်ပဲ ညီညီက လူကြီးလေးအဖြစ်ကို တဖြေးဖြေးပြောင်းလဲလာပြီလား?

LWON (COMPLETED)Where stories live. Discover now