အခန်း(၅)

17.7K 917 13
                                    

Unicode

"ငါကြိိုက်တာခံချင်ရအောင် မင်းကိုယ်မင်း အနံ့မွှေးမွှေးလေးတွေရှိတဲ့ နူးညံ့တဲ့ omega လေးထင်နေတာလား! ခွေးရူးလိုကြမ်းတမ်းတဲ့ Alphaကောင်တွေက ငါ့အကြိုက်မဟုတ်ဘူး!"

ဓာတုလွန်ကို ပြန်တုန့်ပြန်ပြီးပြီးချင်းပဲ သွေးသက်လှည့်ထွက်ဖို့ကြိုးစားလိုက်တယ်။ အရာမထင်စွာပဲ ဓာတုလွန်က သူ့လက်ကောက်ဝတ်ကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး လွှတ်လည်းမလွှတ်ပေးဘူး။

"ချီးပဲ! ဓာတုလွန် မင်းဘာဖြစ်နေတာလဲ!"

တစ်ဖက်ကကောင်ရဲ့ နှုတ်ခမ်းပါးတွေက အပေါ်ကိုသာသာလေးကွေးသွားပြီး ရွဲ့တဲ့တဲ့အပြုံးနဲ့

"မင်းဖြစ်ချင်တာပြောလေ ငါဖြည့်ဆည်းပေးမယ်၊ ‌ဟိုတယ်ထဲအထိ အရောက်ခေါ်ပြီး ruts ဝင်အောင်လုပ်ထားရတာ မင်းလုပ်စရာရှိလို့မဟုတ်ဘူးလား?"

"မင်း..စောက်ရူး?"

"စကားကိုဆင်ခြင်ပြော! ငါမင်းထက်အသက်ကြီးတယ်၊ ငါ့ကိုစောက်နဲ့နှိုင်းစရာလည်းမလိုဘူး၊ မင်းလိုအရက်နံ့မွှန်ထူနေတဲ့ကောင်ကို ငါကကြိုက်မယ်ထင်နေတာလား၊ မင်းစိတ်ကူးတွေက အင်္ဂါဂြိုလ်ပေါ်မှာနော် သွေးသက်မင်းဆက်!၊တစ်ခါထဲရှင်းအောင်ပြောထားလိုက်မယ်၊ ငါအမှတ်အသားလုပ်ပေးချင်တဲ့ omega ကရှိပြီးသား၊ မင်္ဂလာကိစ္စကိုလည်း မင်းဘက်ကတစ်ခါထဲငြင်း၊ ငါနဲ့ဇယားတွေလာမရှုပ်နဲ့!"

သွေးသက်ရဲ့မျက်လုံးထဲမှာ ရန်လိုမှုတွေပြည့်လာပြီး ခပ်ဆတ်ဆတ်ပြောလိုက်တယ်။

"ငါ့ကိုအမိန့်လာပေးနေရအောင် မင်းကဘာကောင်မို့လို့လဲ၊ ငါ့ဖယ်ရိုမုန်းတွေကအရက်နံ့မကလို့ ချီးနံ့ထွက်နေရင်တောင် မင်းသောက်ပူမပါဘူး။ အနံ့ရတာမကြိုက်ရင် မင်းနှာခေါင်းကိုဖြုတ်ထားလိုက်!"

ဖယ်ရိုမုန်းအနံ့နဲ့ပတ်သတ်ပြီး စိတ်ရှိတိုင်းပြောဆိုတာက မယဉ်ကျေးရာရောက်မှန်း ဓာတုလွန်သိပေမဲ့ ဒီသူ့အရှေ့က ‌သွေးသက်မင်းဆက်ဆိုတဲ့ မင်းဆက်တွေရဲ့ မျိုးဆက်သစ်လေးက တအားကို ယုတ်ယုတ်မာမာတွေ အရင်လုပ်တာမဟုတ်ဘူးလား။ ဓာတုလွန်ကတော့ သူတုန့်ပြန်တာက မလွန်ဘူးလို့ပဲတွေးလိုက်တယ်။

LWON (COMPLETED)Where stories live. Discover now