အခန်း(၂၀)

14.7K 768 18
                                    

Unicode

လေယာဉ်ဆိုက်ဆိုက်ချင်း သူမကို လာကြိုသည့်ကားပိုင်ရှင်သည် အနက်ရောင်ရှပ်အင်္ကျီကို ကျကျနနဝတ်ဆင်ထားကာ ကားဘေးတွင် လက်များပိုက်လျက် ကားကိုမှီကာ ရပ်နေခဲ့သည်။

လွန်ခဲ့သော နှစ်များစွာကအတိုင်း ထိုအမျိုးသားသည် တစ်ကိုယ်ကောင်းဆန်မြဲ မပြောင်းမလဲ ရှိနေမည် ဖြစ်ကြောင်း သူမ ကောင်းကောင်းသိပါသည်။ ပြောင်းလဲသွားသည်မှာ သူမတို့၏ မျက်နှာထက်က နုပျိုခြင်းတွေနှင့် အချိန်ကာလတိုက်စားသောကြောင့် ကုန်ဆုံးသွားသည့် နှစ်တွေသာဖြစ်လိမ့်မည်။

တိုကျိုမြို့ရဲ့ အအေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ နီညိုရောင် လောင်းကုတ်အား ဝတ်ဆင်ထားခဲ့သော်လည်း မိမိနိုင်ငံဖြစ်သည့် အလယ်ပိုင်း‌မြေပြန့်ဒေသသို့ ပြန်ရောက်သည့်အခါ သူမ သည်းမခံနိုင်လောက်အောင်ပင် ပူလောင်လာရသည်။ လောင်းကုတ်အား ချွတ်လိုက်ပြီး လက်တွင်ခေါက်လျက်တင်ထားကာ သူမ ကားဆီကိုသွားလိုက်သည်။

မင်းဆက်နိုင် သည် သူမအား စကားတစ်ခွန်းမှမပြောဘဲ နှုတ်ဆိတ်ကာ ငေးမောနေခဲ့သည်။ ထိုအမျိုးသား၏ မျက်နှာမှ ငယ်ရွယ်ကာ မိုက်ရူးရဲဆန်ခဲ့သော အမူအရာများမှာ ပျောက်ပျက်သွားလေပြီ။ ယခင်က မျက်နှာတစ်ဝိုက် တို့လို့တွဲလောင်းရှိခဲ့သည့် ကွင်းမျိုးစုံဟာလည်း ပျောက်ကွယ်နေ၏။

လူကြီးလူကောင်းပိုဆန်လာပြီး ရင့်ကျက်သော သွင်ပြင်ဖြင့် လေးဆယ်ကျော် လူတစ်ယောက်ဖြစ်လာသလို သူမသည်လည်း မျက်လုံးတစ်ဝိုက်တွင် အရေးအကြောင်းများ မသိမသာပေါ်နေလေပြီ။

သူမတို့ ကွဲကွာသွားသည့် ၁၄ နှစ်တာ ကာလအတွင်း ထိုအမျိုးသားဟာ မိန်းမ၊ယောင်္ကျား ဘယ်နှစ်ယောက်နဲ့များ ထပ်မံအိပ်ခဲ့သလဲဆိုတာ သူမမေးကြည့်ချင်သည်။

နောက်ဆုံးမှာတော့ သူမတို့ဘာစကားမှ မပြောဖြစ်ဘဲ ကားပေါ်သို့ ရောက်လာကြသည်။ ထိုအမျိုးသားကို လက်ထပ်လိုက်ရတုန်းက သူမအသက်ဟာ ၁၇နှစ်သာရှိသေးသည်။ ခြောက်နှစ်ကြီးတဲ့ ထိုလူက သူမအပေါ် သစ္စာမရှိခဲ့ပါပေ။

"ရှင်နဲ့မလိုက်ဘူး..သားဆီကို သွားမယ်"

"ချောက်!"

LWON (COMPLETED)Where stories live. Discover now