အခန်း(၄)

17.9K 983 4
                                    

Unicode

ဓာတုလွန်နဲ့သွေးသက်ရဲ့ ရန်ပွဲက လျှင်လျှင်မြန်မြန်ပဲ အသိုင်းအဝိုင်းနှစ်ခုကြားမှာ ပျံ့နှံ့သွားပုံရသည်။ ညဦးပိုင်းရောက်မှ ပြန်လာတဲ့ ဖေဖေက သွေးသက်ကိုနှိုးပြီး အခန်းထဲခေါ်ဆူတယ်။ ဖေဖေကသွေးသက်ရဲ့ နှာရိုးပေါ်က ပလာစတာကို သတိတောင်ထားမိရဲ့လားမသိဘူး။

"ဓာတုလွန် ရဲ့ မျက်နှာက မြင်မကောင်းဘူး မင်းဘယ်လောက်တောင် လုပ်လိုက်တာလဲ"

"သားကိုသူဘာလုပ်လိုက်လဲဆိုတာကိုရော ဖေဖေသိရဲ့လား"

ဦးမင်းဆက်နိုင်ရဲ့မျက်နှာက နဂိုတင်းမာနေရာက အနည်းငယ်ပျော့ပျောင်းသွားပြီး သူကဝတ်ကျေတန်းကျေမေးလိုက်တယ်။

"သူဘာလုပ်လို့လဲ"

သွေးသက်က မှုန်ကုပ်ကုပ်မျက်နှာနဲ့ သူ့ဂုတ်ကိုသူအရင်အနည်းငယ်ပွတ်သတ်လိုက်ပြီး

"သားဂုတ်ကိုကိုက်လိုက်တာ"

မင်းဆက်နိုင် မျက်နှာက ပြာလာလိုက် မဲသွားလိုက်နဲ့ အရောင်စုံဖြတ်ပြေးသွားတယ်။ ဒါကသူ့သားကို ခပ်ရိုင်းရိုင်းပြောရရင် အဟွာမလုပ်ရုံတမယ်ပဲ စော်ကားလိုက်တာနဲ့အတူတူပဲ။ ဒေါသထွက်မယ်ကြံပြီးကာမှ မင်းဆက်နိုင်က မျက်လုံးတွေပြူးပြူးကျယ်ကျယ်နဲ့မေးလာတယ်။

"မင်းကို သူကိုက်လိုက်တယ်ဆိုတော့ပြောချင်တာက.."

"အင်း သားစိတ်ထင် သူကသားနဲ့သင့်တော်လောက်မယ်ထင်တယ်"

ရုတ်တရက် ဦးမင်းဆက်နိုင်က လက်ခုပ်လက်ဝါးတီးပြီး တဟားဟားအော်ရယ်ကာ စကားအချို့ကို စိတ်လှုပ်ရှားစွာပဲပြောလာသည်။

"တော်သေးတယ် ငါကမင်းကို ဒီတစ်သက်လုံး လက်တွဲဖော်ရှာမရလောက်ဘူးထင်ထားခဲ့တာ၊ နောက်ဆုံးတော့လည်း မင်းကိုနိုင်မဲ့တစ်‌ယောက်ပေါ်လာတာပဲ"

ဖေဖေ့ရဲ့နှစ်ထောင်းအားရဖြစ်နေပုံကြီးက သွေးသက်ရဲ့ဒေါသကိုငယ်ထိပ်ဆောင့်တက်စေတယ်။ သူ့အဖေက သူ့ကိုအတင်းထိုးပြီး ရောင်းစားတော့မယ်လို့လည်း ခံစားနေရတယ်။

"ဓာတုလွန်ကို နောက်‌တွေ့ရင် ကောင်းကောင်းဆက်ဆံ၊ သူနဲ့မင်းရဲ့ ရေစက်က တော်ရုံတော့မဟုတ်ဘူး။ estrus ကာလမှာပဲ တစ်ယောက်နဲ့တစ်ယောက် ဆုံနေရတယ်လို့"

LWON (COMPLETED)Where stories live. Discover now