အခန်း(၁၇)

15.2K 818 4
                                    

Unicode

"အဲ့တာ ဘာဖြစ်နေကြတာလဲ!"

ရဲရဲ ရဲ့ ခန္ဓာကိုယ်လေးက အသံနက်ကြီးကြောင့် တုန်တက်သွားပြီး ဖယ်ရိုမုန်းစိမ်းစိမ်းကြီးတွေကြောင့် ‌သွေးသက်ရင်ခွင်ထဲပိုတိုးဝင်လာခဲ့သည်။ ထိုမြင်ကွင်းက ဓာတုလွန်ကို ကိုဒေါသထွက်လာစေပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ထိုသူတွေအနားကိုရောက်သွားစေတယ်။

သူဖိနှိပ်ပစ်လိုက်တဲ့အခါ ‌သွေးသက်ရဲ့မျက်နှာက ဖြူဖျော့ပြီးအားနည်းလာသည်။ ‌အခုထိတောင် သူက သူ့ရင်ခွင်ထဲထည့်ထားတဲ့ ကောင်ကို မလွှတ်သေးပါပေ။ ဓာတုလွန် ပေါက်ကွဲတော့၏။

"ငါ့ Omega နားကဖယ်စမ်း အမှိုက်လိုကောင်!"

သွေးသက်ရင်ခွင်ထဲက ကောင်ကိုလက်မောင်းရင်းက ကိုင်ပြီး ဆွဲထုတ်လိုက်ကာ ကြမ်းပြင်ပေါ်ပစ်ချလိုက်မိသည်။

"ရဲရဲ.."

သွေးသက်ရဲ့ တိုးဖျော့ဖျော့ ခေါ်သံတစ်ခုထွက်လာပြီးနောက် ဓာတုလွန်က သူရင်းနှီးနေတဲ့ နာမည်ကြောင့် ထိုကြမ်းပြင်ပေါ်က အမှိုက်ကလေးအားကြည့်လိုက်မိတော့သည်။

"ဓာ..ဓာတုလွန်..ခင်ဗျား..ဖယ်ရိုမုန်း"

အနောက်ကနေ နံရံကိုအမှီပြုထားရင်း သူ့ကိုလှမ်းပြောနေတဲ့ လင်းလက်ပိုင်ကိုလည်းမြင်လိုက်ရသည်။ သူဖယ်ရိုမုန်းတွေကို ပြန်သိမ်းလိုက်တော့ သွေးသက်က ကုတင်ပေါ်ကဆင်းပြီး ရဲရဲကိုသွားထူသည်။

အားအင်ချိနဲ့နေတဲ့ ကောင်ငယ်လေးက ဓာတုလွန်ရဲ့ ဖယ်ရိုမုန်းအင်အားကိုမခံနိုင်ဘူး။ မေ့မြောသွားခဲ့သည်။ သွေးသက် အံကြိတ်လိုက်ပြီး သွားကြားထဲကလေသံဖြင့်...

"မင်းဘာစောက်ရူးထတာလဲ!"

ဓာတုလွန်ရဲ့ မျက်နှာက ခက်ထန်နေပြီး သွေးသက်နဲ့ ရဲရဲကို စူးစိုက်ကြည့်ကာ စကားတစ်ခွန်းမှပြောမလာဘူး။ သူက သွေးသက်လက်ထဲက ရဲရဲကိုဆွဲယူလိုက်ပြီး ပွေ့ချီကာ အခန်းပြင်သို့ထွက်သွားခဲ့၏။ သူ၏ရည်းစားဟောင်း လင်းလက်ပိုင်ကလည်း ထိုနောက်သို့သာလိုက်သွားသည်။

သွေးသက်တစ်ယောက်ထဲ ကြမ်းပြင်ပေါ်၌ ကျန်ရစ်ခဲ့ပြီး သူ့ဗိုက်လေးကို သူပြန်ကိုင်လိုက်ရင်း စားပွဲပုလေးကိုမှီလိုက်တယ်။ ဓာတုလွန်က အခုထိ သူ့ရည်းစားဟောင်းရဲ့ မိသားစုဝင်ကိုဂရုစိုက်သေးသည်။ ရဲရဲ အန္တာရာယ်မဖြစ်တာကိုပဲ ပျော်ရမလား ငိုရမလားတောင် သူမသိတော့ဘူး။

LWON (COMPLETED)Where stories live. Discover now