Unicode
တောင့်တင်းသန်မာတဲ့ လက်တစ်စုံရဲ့ ခပ်တင်းတင်း ပွေ့ဖက်ထားမှုကြောင့် သွေးသက် အသက်ရှုရခက်ခဲလာသည်။ သူ့လည်တိုင်မှာ နှစ်မြုပ်ထားတဲ့ နှာဖျားဆီမှ ဝင်လေထွက်လေ ပူနွေးနွေးတွေကိုလည်း သူခံစားနေရသေးသည်။ သက်တောင့်သက်သာမရှိဘဲ မွန်းကြပ်လာတဲ့ အနေအထားမှာ အနှေးနဲ့အမြန်ပဲ သွေးသက် လန့်နိုးလာတော့သည်။
မျက်လုံးနှစ်လုံးပွင့်ပွင့်ချင်းပဲ ညက Alpha နဲ့ ဆက်ဆံခဲ့တာကို သတိရတယ်။ ပြီးတော့ ချက်ချင်းပဲ သူ့ကိုအနောက်ကနေသိုင်းဖက်ထားတာက ဓာတုလွန် ဆိုတာကို သိလိုက်ရတော့သည်။ သွေးသက်ရဲ့ မျက်ခုံးတွေက တွန့်ချိုးသွားပြီး ချက်ချင်းပဲ တွန်းဖယ်ပစ်လိုက်တော့ ဓာတုလွန်ထံမှ ခပ်ရှရှအိပ်ချင်မူးတူးပြောသံကထွက်လာတယ်။
"ကိုယ်အိပ်ချင်သေးတယ်ကွာ.."
အိပ်ချင်အိပ်လေ! တစ်ယောက်ထဲ အိပ်ပေါ့! ရူးနေလား!
သွေးသက် ဂရုမစိုက်ဘဲ အကြမ်းပတမ်းကုန်းရုန်းထလိုက်ပြီး မတ်တပ်ရပ်ဖို့ကြိုးစားလိုက်တယ်။
"အာ့! ဓာတုလွန်!!"
အရာမထင်စွာဘဲ အကြောတွေနဲ့ လက်ဆစ် ခပ်ထင်းထင်းတွေရှိတဲ့ လက်တစ်စုံက သူ့ခါးကိုဆွဲပွေ့လိုက်ပြီး မွေ့ယာပေါ် ပြန်ဆွဲခေါ်သွားသည်။ သွေးသက်ရဲ့ ဝမ်းဗိုက်အောက်ပိုင်းက ဆစ်ခနဲဖြစ်သွားတာကြောင့် သွေးသက်လန့်သွားပြီး
"ဖယ်စမ်း! ဘာအရူးထနေတာလဲ!"
"ခဏလောက်ထပ်အိပ်မယ်လို့ ပြောနေတာ မကြားလို့လား"
ဓာတုလွန်က သွေးသက်ကို အပေါ်ကနေတက်ဖိထားပြီး လည်တိုင်တွေကြားမှာ မျက်နှာအပ်ထားသည်။ လေးလံတဲ့ ခန္ဓာကိုယ်ကြီးကို သွေးသက်ကတွန်းဖယ်ပစ်လိုက်ပေမဲ့ ဓာတုလွန်က ရည်ရွယ်ချက်ရှိရှိပင် အားသုံးကာဖိထားလေသည်။
"အိပ်ချင် ကိုယ့်ဘာသာအိပ်လေ ဘာလို့ငါ့ကိုဆွဲထားတာလဲ? အခုငါ့ပေါ်ကဖယ်စမ်း!"
"ငါနဲ့အိပ်"
"မင်းဖင်ကြီးကိုအိပ်!"
"အင်း.. မင်းဖင်ကြီးနဲ့ပဲအိပ်ချင်တာ"