အခန္း(၃၇)

11.7K 677 31
                                    

Unicode

"လူလေးက ဘာကိစ္စရှိလို့လဲကွဲ့"

အချိန်ခဏလေးအတွင်းမှာပဲ အယောက်သုံးဆယ်လောက်ရှိတဲ့ အစောင့်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတဲ့ ဓာတုလွန်က သူ့ကိုုပြုံးပြနေတဲ့ ဝှီးချဲပေါ်ကအမျိုးသားကို ခပ်စူးစူးမော့ကြည့်လိုက်တယ်။

"ကျုပ်မိန်းမဘယ်မှာလဲ"

"အိုး..ဒီမှာမိန်းကလေးတွေမရှိပါဘူး၊ အကုန်လုံးက ယောင်္ကျားလေးတွေချည်းပါပဲ"

"ကျုပ်အိုမီဂါ ကျုပ်ယောင်္ကျား သွေးသက်မင်းဆက်!"

ဓာတုလွန်အော်ဟစ်လာတဲ့အခါ ထိုအမျိူးသားက အယ်လ်ဖာကိုချုပ်ထားတဲ့ လူတွေ့အား လွှတ်ပေးဖို့အချက်ပြလိုက်တယ်။ လွတ်ထွက်သွားတာနဲ့ ဓာတုလွန်က မတ်တပ်ထရပ်လာပြီး

"သွေးသက်ကိုခေါ်ပေး"

"မင်းက ငါ့သားပြောပြောနေတဲ့ တစ်ယောက်ဖြစ်မယ်ထင်တယ် သွေးသက်ကိုအနိုင်ကျင့်မယ်ထင်တယ် ဆိုတဲ့တစ်ယောက်၊ အင်း..တည်တံ့က အမြဲ သွေးလေးနဲ့ပတ်သတ်ပြီး တစ်ခုမဟုတ်တစ်ခု ကြိုကြိုသတိထားမိနေတော့တာပဲ ငါတို့စကားပြောရအောင်"

"ဘာစကားတွေပြောချင်နေတာလဲ! ကျုပ်သွေးသက်ကိုမေးနေတာ သွေးသက်ဒီမှာရှိနေတယ် အခုထုတ်ပေး! သွေးသက်မင်းဆက်!!"

ကျယ်လောင်နေတဲ့ အယ်လ်ဖာရဲ့အသံကို ထိုအမျိုးသားက မကြားချင်တော့ဟန် မျက်မှောင်တွေကျုံ့လိုက်ပြီး

"မင်းကတစွတ်ထိုးဆန်တာပဲ သွေးလေးက အခုမင်းမျက်နှာကို မကြည့်ချင်ဘူးတဲ့ ရောက်လာရင် နှင်ထုတ်လိုက်ပါလို့ပြောထားတယ် သူပညာသင်သွားမယ်လို့လည်းပြောတယ် အခုလေးတင်ပြောသွားတာ"

"ဘာပြောတယ်! ဘယ်ကိုသွားမှာလဲ သမီးလေးတောင်အရွယ်မရောက်သေးတာကို ဘာတွေလျှောက်ပြီးမြှောက်ပေးလိုက်တာလဲ"

အယ်လ်ဖာက ဒေါသတကြီးရှေ့တိုးလာတဲ့အခါ အနောက်ကအစောင့်တွေက ဓာတုလွန်ရဲ့လက်ကိုဖမ်းချုပ်လာပြီး ဒူးခေါက်ကွေးကိုဖြတ်ရိုက်ချတယ်။

"ငါ့ကိုလွှတ်ကြစမ်း!"

အယ်လ်ဖာက ဒူးထောက်ကျသွားပေမဲ့ ရန်လိုနေတုန်းပဲ။

LWON (COMPLETED)Where stories live. Discover now