အခန္း(၄၇)

14.2K 677 18
                                    

Unicode

Zurich မြို့ကိုရောက်တဲ့အချိန်မှာ ဇန်နဝါရီလရဲ့ အမှတ်သညှာဖြစ်တဲ့ နှင်းချပ်နှင်းခဲတွေက လေဆိပ်တစ်ခုလုံးကို ဖွေးဖွေးလှုပ်အောင်အုပ်ဆိုင်းနေခဲ့သည်။ လေယာဉ်ကညဘက်ဆိုက်တာမို့ လမ်းပြင်ပကိုထွက်လိုက်တဲ့အချိန်မှာ နှင်းခွဲတဲ့ကားက ကတ္တရာလမ်းမကြီးအပေါ်မှာ ပြေးလွှားလျက်ရှိလေသည်။

Switzerland နိုင်ငံရဲ့ အဓိကမြို့တော်ဖြစ်တဲ့အပြင် ခရီးသွားတွေလည်းများတာမို့ လေဆိပ်တစ်ဝိုက် လူတွေရော ကားတွေရော စည်ကားလျက်။ လေဆိပ်ဝင်းအတွင်းပြေးဆွဲနေတဲ့ ဘတ်စ်ကားပေါ်ကိုတက်လိုက်ပြီး သူရထားတဲ့ လမ်းညွှန်စာအုပ်ကလေးအတိုင်း သွားရမည်။ တည်တံ့ဘွတ်ကင်ချိတ်ပေးထားတဲ့ ဟိုတည်ကိုရောက်လျှင် ဒီတစ်ညကောင်းကောင်းအနားယူပြီး နောက်ရက် ရဲရဲဆီကိုသွားရမည်ဖြစ်သည်။

မွေ့ယာနဲ့ထိလိုက်တာနဲ့ သူ့မျက်ခွံတွေငိုက်စင်းကျလာတော့၏။  မနက်လင်းခါနီးမှာ သွေးသက်အိမ်မက်ဆိုးမက်ကာ လန့်နိုးလာခဲ့ပြီး မျက်လုံးများကိုမဖွင့်ဘဲ တဖွဖွရေရွတ်သည်။

"ရေ..ဓာတုလွန်..ရေပေးဦး"

"ရေသောက်..ချင်တယ်..ဓာတုလွန်.."

သွေးသက်ရဲ့အာခေါင်တွေက ခြောက်ကပ်နေပြီး စကားပြောဖို့ကိုအားစိုက်နေရသည်။ အိမ်မက်ထဲမှာ အယ်လ်ဖာကငိုနေတာဖြစ်ပြီး သူဘယ်လိုချော့ချော့မရပါပေ။ အမှောင်ထုကြီးတစ်ခုက ကြီးစိုးလာပြီး ငိုနေတဲ့အယ်လ်ဖာကို ဝါးမြိုသွားချိန်မှာ သူလန့်နိုးလာခဲ့တာဖြစ်၏။

တစ်ယောက်ထဲရှိနေသည်ဆိုသော အသိကို ခေတ္တခဏသူမေ့သွားခဲ့သည်။

"ဓာတုလွန်.."

"အကို"

ခေါ်နေတာကို ပြန်ထူးသံမကြားသည့်အခါ မျက်လုံးတွေ ဖြတ်ခနဲပွင့်လာ၏။ လက်ရှိကိုနားလည်သွားချိန်မှာ တစ်ခန်းလုံးက မှောင်အတိကျလျက်၊ မှန်ပြတင်းမှာ ရေငွေ့ရိုက်ကာဝါးနေပြီး ပြတင်းပေါက်ဘောင်မှာတော့ ရေခဲချပ်ကလေးတွေကပ်တွယ်နေ၏။ အေးစိမ့်နေသော အပြင်ဘက်ရာသီဥတုနှင့်ဆန့်ကျင်စွာ သူ့ခန္ဓာကိုယ်တွင် ချွေးစေးများထွက်နေခဲ့သည်။

LWON (COMPLETED)Where stories live. Discover now