နေ့လည်စာ စားပြီးတဲ့နောက် နောက်ထပ်မတွေ့ကြတော့မဲ့ လူတွေလိုပဲ သူတို့လမ်းခွဲလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက်ပြန်တောင်လှည့်မကြည့်ခဲ့ပါပေ။ ဓာတုလွန်က ဟိန်းသစ် နောက်ရွှေ့ပေးထားတဲ့ အလုပ်တွေကို ပြီးပြတ်အောင်လုပ်နေပြီး တော်တော်လေးညဉ့်နက်မှအိမ်ပြန်လာခဲ့သည်။
သူအိမ်ကိုပြန်ရောက်တော့ အရာအားလုံးကတိတ်ဆိတ်နေပေမဲ့ အပေါ်ထပ်ကအခန်းဆီမှ မီးရောင်သဲ့သဲ့ကထွက်ကျနေသည်။ အချိန်က မနက်နှစ်နာရီတောင်ရှိနေပြီဖြစ်တာမို့ သွေးသက်ကခုထိမအိပ်သေးတာလားလို့တောင် သူတွေးလိုက်မိ၏။
လျှင်လျှင်မြန်မြန်ပဲ သူ့အတွေးတွေကို သွေးသက်မင်းဆက်ရဲ့ ဖြူဖျော့နေတဲ့မျက်နှာက ပြသပေးလာတယ်။ သူကဗိုက်ကိုကိုင်ထားရင်း နာကျင်နေပုံရပြီး ဓာတုလွန်ကိုမြင်တော့ မျက်မှောင်တွေကပိုကျုံ့သွားကာ ဟိုဘက်ကိုလှည့်သွားသည်။
"ဗိုက်အောင့်နေတာလား?"
Alpha ကမေးလိုက်ပေမဲ့ အဖြေကိုပြန်မရခဲ့ဘူး။ အံကြိတ်ကာတင်းခံနေတဲ့ အသက်ရှုသံပြင်းပြင်းတွေကိုပဲ တိတ်ဆိတ်တဲ့ညမှာ အတိုင်းသားကြားနေရတယ်။ ဓာတုလွန် အပြစ်တင်လိုက်ချင်ပေမဲ့ သူ့စိတ်ကိုသူထိန်းပြီး အောက်ပြန်ဆင်းကာ ညဘက်ကြီးအပြင်ကိုပဲပြန်ထွက်သွားခဲ့သည်။
သူ့အနောက်က Alpha ဟာ သူ့ကိုထားခဲ့ပြီး အပြင်ထွက်သွားတာကို သွေးသက်နားစွင့်နေမိတယ်။ သူတွေးခဲ့ဖူးသလိုပဲ သူတို့တွေဟာ တစ်ယောက်ကိုတစ်ယောက် လက်ညိုးထိုးမနေသည့်တိုင် မျက်နှာချင်းမဆိုင်ချင်တဲ့အထိ တဖြေးဖြေးရွံမုန်းလာကြသည်ပဲ။ နာကျင်မှုကိုတောင့်ခံရင်း သွေးသက်မိုက်ခနဲဖြစ်သွားသည်။
သူနာကျင်လွန်းလို့ ဆက်ပြီးသည်းမခံနိုင်တော့တာဖြစ်သည်။ နောက်နေ့မနက်မှာ နိုးထလာနိုင်ပါ့မလားလို့တောင် မမေ့မြောခင်တွေးမိပေမဲ့ နောက်တစ်နေ့မနက် ဆယ်နာရီကျော်လောက်မှာ သူနိုးထလာခဲ့သည်။ နာကျင်မှုက သူ့ဘာသာပျောက်သွားတာလား?
သွေးသက် အများကြီးတွေးမနေတော့ဘဲ မျက်နှာသစ်လိုက်ပြီး အောက်ထပ်ကိုဆင်းလာလိုက်သည်။ ကော်ဖီခွက်ကိုင်ရင်း အောက်မှာစာဖတ်နေတဲ့ Alpha က ဒီနေ့အလုပ်မသွားဘူး!