Unicode
[A/N - London နဲ့ Myanmar ရဲ့ တကယ့်တကယ် flight time က ဆယ့်ငါးနာရီကျော်ကြာပါတယ်။ Parallel world Omegaverse တစ်ခုဖြစ်တာမို့ ဒီမှာတော့ ခုနှစ်နာရီဝန်းကျင်ပဲကြာပါတယ်။ ပြီးတော့ ဓာတုက London မှာ သွေးသက်နာမည်နဲ့ အိမ်တစ်လုံးရယ် ကားရယ်ဝယ်ထားပါတယ်။ Ending ရောက်ဖို့ သိပ်မလိုတော့ပါဘူး]
Heat..
ဒါက..သူတစ်ခါမှ မဖြစ်ဖူးတဲ့ အခိုက်အတန့်။ အားနည်းတဲ့ အိုမီဂါငယ်လေးတွေလိုမျိုး တစ်ကိုယ်လုံးပူလောင်တုန်ရီနေပြီး အယ်လ်ဖာကိုလိုချင်တပ်မက်တဲ့ အခိုက်အတန့်။ တစ်လျှောက်လုံး သူကပဲ လှုံ့ဆော်သူဖြစ်ခဲ့တာ။ အခုသူက ဓာတုလွန်ရဲ့ ကုတ်အင်္ကျီနဲ့ ချစ်တယ် ဆိုတဲ့စာကလေးတစ်စောင်ကြောင့် heat အထိပါ..ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ။"သွေးသက်.."
"သွေးသက်..ကိုယ့်ကိုဘာလို့ခေါ်တာလဲ"
လေလှိုင်းထဲက ခေါ်သံ ဝိုးတဝါးကိုကြားနေရတယ်။ ဒါပေမဲ့ သူပြန်မထူးမိဘူး၊ အလုပ်တွေရှုပ်နေတာ..စိတ်ဆန္ဒကို အယ်လ်ဖာရဲ့ ခပ်ရှရှခေါ်သံကိုနားစွင့်ရင်း ဖြေဖျောက်ရတာနဲ့တင် အလုပ်တွေရှုပ်လွန်းနေပြီ။
"အင့်..ဟင်း.."
လက်တွေကိုခပ်မြန်မြန်အလုပ်ပေးရင်း အပေါ်အောက်မြန်မြန်လေးပွတ်ဆွဲလိုက်တော့ ငြီးသံက အထိန်းအကွပ်မရှိပျံ့လာတယ်။ ဘေးခန်းမှာရှိနေတဲ့ တည်တံ့မြဲမြံက ခပ်ကြိတ်ကြိတ်ဆဲတယ်။ ပိုင်ရှင်ရှိပြီးသား အိုမီဂါရဲ့အနံ့ကိုသူမရပေမဲ့ ငြီးသံတစ်ချက်က အလွတ်မပေးဘဲ သူ့နားထဲသဲ့သဲ့လေးတိုးဝင်လာတာမို့။ ခေါင်းကျိန်းသွားပြီး အယ်လ်ဖာက အိမ်ကိုသော့ခတ်ကာ နေရာကနေအလျှင်အမြန်ထွက်သွားတယ်။
"သွေးသက်..မင်း.."
ဓာတုလွန်ရဲ့ အသံက အက်ရှလာပြီး ကြားနေရတဲ့အသက်ရှုသံက လေးပင်လာတယ်။ မမြင်ရတဲ့ဖိအားတစ်ခုက သူ့အပေါ်သက်ရောက်လာပြီး စိုးရိမ်စိတ်တစ်ခုက တိုးထွက်လာသည်။ သူနဲ့ အမှတ်အသားလုပ်ထားတဲ့ omega က တစ်ခုခုဖြစ်နေတယ်။
အိုမီဂါရဲ့ ရုတ်တရက် ဖုန်းခေါ်ဆိုမှုကြောင့် စိတ်လှုပ်ရှားသွားတဲ့ခံစားချက်က ငြီးသံတိုးတိုးကိုကြားလိုက်ရတဲ့အခါ ပူလောင်ခြင်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတယ်။ သွေးသက်က အခု သူ့ကိုဖုန်းခေါ်ပြီး အာသာဖြေနေတာလား..ဒါမှမဟုတ် တစ်ခုခုလား။ မဖြစ်နိုင်ပေမဲ့ Heat ကာလများလား?