အခန္း(၄၆)

12K 694 30
                                    

Unicode

"မင်းဘာလို့ ရဲရဲနဲ့ပတ်သတ်ပြီး စိတ်ဝင်စားနေတာလဲ မေ့နေပြီတောင်ကိုယ်ထင်နေတာ"

ရဲရဲအကြောင်းကိုဟလိုက်တာနဲ့ ဓာတုလွန်က မျက်စိပျက်မျက်နှာပျက်။ လုံးဝလုံးဝကို သွေးသက်နဲ့ရဲရဲပိုင်အား ပေးမတွေ့နိုင်ဘူး။ ဓာတုလွန်နဲ့ သမီးဖြစ်သူ ဘုန်းဓာတုသက်သျှန် ကိုမရွေးဘဲ အိုမီဂါ ရဲရဲပိုင်နဲ့သူ့သားလေး ကိုရွေးသွားရင်ဘယ်နှယ့်လုပ်။

"ရဲရဲက ငါ့ကြောင့် ဒုက္ခတွေရောက်သွားရတဲ့ကောင်လေးပါ၊ သူနိုင်ငံခြားကိုဘာကြောင့်ထွက်သွားရတာလဲ ငါသိတယ်၊ မင်းပဲမလား"

"ကိုယ်ပဲဆိုရင်ရော မင်းဘာလုပ်မလို့လဲ"

"ဘာမှမလုပ်ဘူး၊ ဒီတိုင်း သူရှိနေတဲ့နေရာလေးပဲ ပြောပြပေး"

"ဘာလို့သိချင်တာလဲလို့...သူလည်းသူ့ဘဝနဲ့သူဖြစ်နေပြီ မင်းလည်းကိုယ်နဲ့မိသားစုဘဝလေး ရနေပြီလေ၊ ဘာလို့ပြန်ပတ်သတ်ချင်နေရတာလဲ"

"သူ့ဘဝနဲ့သူဖြစ်နေတာ မင်းသိတယ်ဆိုတော့ ရဲရဲပိုင်ဘယ်မှာရှိတယ်ဆိုတာ သိတယ်မလား"

"သွေးသက်! မင်းမှာမိသားစုရှိနေပြီလေ"

အယ်လ်ဖာက အခုချိန်ထိ တစ်လွဲတွေးနေတုန်း။ ရဲရဲပိုင်နဲ့ကလေး က သွေးသက်နဲ့ရတာလို့ အခုအချိန်ထိ ထင်လို့ကောင်းတုန်း။

ကောင်းကောင်းမေးမရတဲ့အဆုံး သွေးသက်က ဝုန်းဒိုင်းကြဲချင်လာသည်။

"မိသားစုရှိတာနဲ့ ရဲရဲပိုင်နဲ့ဘာဆိုင်လဲ! အဲ့ကောင်လေးကိုငါတွေ့ချင်တာ ဘာများရေးကြီးခွင်ကျယ်ဖြစ်နေလို့လဲ၊ ရန်မဖြစ်ရတာကြာလို့ထင်တယ် ဟုတ်လား!"

"ကိုယ့်ကို သူ့ကြောင့်နဲ့ လာမအော်နဲ့! တခြားနေရာမှာပဲ ကိုယ်မင်းကိုခေါင်းငုံ့ပေးနိုင်မယ် မင်းရည်းစားဟောင်းနဲ့ပတ်သတ်ရင်တော့ မရဘူး!"

"ဟ! ဓာတုလွန် မင်းစကားတွေဘယ်ရောက်နေပြီလဲရော သိရဲ့လား"

သူတို့ကအိပ်ယာထဲမှာ စကားပြောနေတာဖြစ်ပြီး အကျယ်အကျယ်ဖြစ်လာကြတော့ မွေ့ယာပေါ်ထထိုင်ကြတော့၏။

"မင်းရော မင်းမေးတဲ့မေးခွန်းတွေ ဘယ်ရောက်နေလဲသိလား၊ မင်းရည်းစားဟောင်းအကြောင်း မင်းယောင်္ကျားကိုမေးနေတာ မင်းယောင်္ကျားက ပြုံးဖြီးပြီးဖြေပေးရမှာလား!"

LWON (COMPLETED)Where stories live. Discover now