အခန်း(၁၉)

16.2K 824 65
                                    

Unicode

ညဘက်မှာ ဆက်ဆံပြီးလို့ မနက်နိုးလာတဲ့အချိန်တိုင်း ဓာတုလွန်က အနားမှာမရှိတာများသည်။ ထို Alpha သည် သွေးသက်ကို နှစ်သိမ့်ဖေးမပေးဖို့နဲ့ နူးညံ့ညင်သာစွာ ဆက်ဆံပေးဖို့ကို လုံးဝမေ့လျော့နေခဲ့လေသည်။

မနက်အစောကြီး နိုးလာခဲ့ပြီး ရေတစ်ခွက်ကိုင်ကာ အောက်ထပ်ကို ဆင်းလာတဲ့အချိန်မှာ အိမ်အကူကောင်မလေးနဲ့ စကားရပ်ပြောနေတဲ့ ဓာတုလွန်ကို မြင်လိုက်ရတယ်။ တစ်ခုခုမှာနေပုံရပြီး လှေကားပေါ်က ဆင်းလာတဲ့ သွေးသက်ကိုမြင်ချိန်မှာတော့ စကားပြောခြင်းလည်းရပ်တန့်သွားကာ နှုတ်ခမ်းများကို တင်းတင်းစေ့ပိတ်ရင်း မကြည်မသာလှမ်းကြည့်နေခဲ့သည်။

ခပ်တည်တည်ပင် အနားလျှောက်သွားကာ ရေတစ်ငုံမော့လိုက်ပြီး..

"သွားတော့မှာလား"

"အင်း"

ဓာတုလွန်က ပုံမှန်အချိန်ဆို စကားများများ မပြောပါပေ။ သူတို့တွေ နောက်ဆုံးတစ်ခေါက် ရန်ဖြစ်ပြီးထဲက လုပ်ကြတဲ့အချိန်နဲ့ မလုပ်ခင်ခဏလောက်ပဲ စကားပြောဖြစ်ကြသည်။

"ငါစာမေးပွဲရှိတယ် ကျောင်းမှာသွားဖြေရမှာ"

"ကားယူသွားလိုက် လိုင်စင်မရှိရင် လူတစ်ယောက်လွှတ်လိုက်မယ်"

"မလိုပါဘူး ငါအဲ့ရက်တွေအတွက် ဒီမှာမနေဘူးလို့ပြောမလို့"

"ဘာကိစ္စ အပြင်မှာ နေမှာလဲ"

သွေးသက်က ရေခွက်ကို အနားမှာရှိနေသေးတဲ့ အိမ်အကူလက်ထဲထည့်လိုက်ပြီး တခြားနေရာကိုသွားဖို့ ပထုတ်လိုက်တယ်။ ပြီးမှ သူက ဓာတုလွန်ကို တည့်တည့်ကြည့်ပြီး

"ဆေးတက္ကသိုလ်ဆိုတာ လွယ်ကူတဲ့နေရာလို့ ထင်နေတာလား၊ မင်းနှောက်ယှက်လို့ ငါစာလုပ်ချိန် ကောင်းကောင်းမရဘူး"

ဓာတုလွန်က မကျေမနပ်နဲ့ ခပ်မြန်မြန်ပြောချလာတယ်။

"မင်းကို အပြင်မှာ ပေးနေမယ်လို့ ဘာစိတ်ကူးနဲ့များတွေးလိုက်တာလဲ၊ အတူတူရှိနေတာတောင် တစ်ခုမဟုတ် တစ်ခု ပြဿနာရှာနေတာ၊ ငါ့ကွယ်ရာမှာဆို ဘယ်လောက်တောင်ဆိုးလိုက်မလဲ!"

LWON (COMPLETED)Where stories live. Discover now