Unicode
ဓာတုလွန်က တစ်ပတ်ကိုနှစ်ခါသုံးခါလောက် သူ့အပေါ် ဖယ်ရိုမုန်းတွေရဲ့အင်အားကိုသုံးပြီး ရယူတတ်သည်။ သူဓာတုလွန်ကိုမြင်တိုင်း ကြောက်ရွံ့တဲ့ခံစားချက်က တဖြေးဖြေးပိုထင်ရှားလာပြီး Alpha ကို ရှုံးနိမ့်သွားအောင် စိတ်ညစ်နေရအောင် လုပ်ချင်စိတ်ကလည်း ပိုပိုပြင်းထန်လာခဲ့သည်။
ဓာတုလွန်နဲ့သူ့ရည်းစားဟောင်းရဲ့ကြားက ပတ်သတ်မှုကို သွေးသက်စုံစမ်းနေပြီးရည်းစားဟောင်း Omega က ရဲရဲပိုင်ရဲ့ အကိုဆိုတာကိုလည်း သိလိုက်ရတယ်။ သူ ရဲရဲပိုင်ကို စိတ်ပူနေခဲ့ပေမဲ့လည်း သူ့ပြဿနာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ တကယ်ကိုမေ့လျော့သွားသည်။ ထိုကောင်လေး ဘယ်ကိုရောက်နေပြီး ဘာတွေဖြစ်နေသလဲဆိုတာတောင် သွေးသက်မသိရဘူး။ ဖုန်းဆက်ဖို့ကြိုးစားခဲ့ပေမဲ့လည်း ဖုန်းနာပါတ်ဟာ တပ်ဆင်ထားခြင်းတောင်မရှိတော့ပါပေ။ ဘာပဲဖြစ်ဖြစ် ရဲရဲပိုင်ဟာ အသိုင်းအဝိုင်းကြီးတစ်ခုမှဖြစ်ပြီး သူ့နားမှာ စောင့်ရှောက်မဲ့လူတွေ ရှိမှာပါလို့ပဲ ဖြေသိမ့်ရတော့၏။
ဓာတုလွန်ကို အရှက်ခွဲဖို့သွေးသက်က ပုံထဲမှာပါတဲ့ Omega ရဲ့မျက်နှာကိုဖျက်လိုက်ပြီး နမ်းရှိုက်နေကြတဲ့ စုံတွဲရဲ့ပုံကို ပေ့ခ်ျတစ်ခုမှာတင်ပစ်လိုက်သည်။ ဖောက်ပြန်ခြင်းနာမည်ဆိုးနဲ့ ဓာတုလွန်ရဲ့သတင်းတွေထွက်လာချိန်မှာတော့ သွေးသက်ဟာ နှစ်နှစ်ခြိုက်ခြိုက်ရယ်နေခဲ့ပြီး ဦးလင်းထိုက်ရဲ့အကူအညီနဲ့ သတင်းကိုရှင်းလင်းပြီးချိန်မှာေတာ့ သွေးသက်ငိုရဖို့ဖြစ်လာခဲ့ပြန်သည်။
ဓာတုလွန်က သူလုပ်ခဲ့တဲ့လုပ်ရက်အတွက် အောက်မှာဖိထားရင်း ငိုငြီးအောင်လုပ်ခဲ့တာကလွဲပြီး စိတ်ဆိုးပုံတောင်မပြခဲ့ဘူး။ ဒါပေမဲ့နောက်နေ့တွေမှာ ဓာတုလွန်က အရင်လိုမျက်နှာထားနဲ့ပဲ အေးတိအေးစက်ပြန်ဖြစ်သွားတယ်။ အရင်ကလိုမျိုး တင်းမာမှုနဲ့မုန်းတီးမှုတစ်ခုကို ဓာတုလွန်ဘက်က တဖြေးဖြေးလျှော့ချလာချိန်မှာ သွေးသက်ကတော့ မမြင်ရတဲ့တံတိုင်းတွေ ဆောက်နေခဲ့သည်။
အကိုက်ခံရတဲ့အခါ ကြောက်ရွံ့ခြင်းကို အတင်းဖုံးကွယ်ထားရင်း မျက်ဝန်းစိမ်းလေးတွေက သန်မာပြတယ်။ ဒါကိုဓာတုလွန်က သတိမထားမိတဲ့အပြင် သွေးသက်မင်းဆက်က အရမ်းအကြောတင်းတာပဲလို့တောင် ငြီးတွားလိုက်သေးသည်။