Unicode
"ကိုကို ထမင်းပုံမှန်စားနော်၊ အိပ်ရေးလည်းဝအောင်အိပ်"
သွေးသက်ခပ်ပေါ့ပေါ့ပဲ ခေါင်းငြိမ့်ပြလိုက်တယ်။ သူ့အရှေ့တည့်တည့်မှာ ရှိနေတဲ့ သူ့ညီလေးက အမေကြီးတစ်ယောက်လိုပဲ။ လေယျာဉ်ပေါ်မတက်ခင် နောက်ဆုံးအချိန်ထိ သူ့ကိုတဖွဖွမှာကြားနေတာ။
"တစ်ခုခုဆို ညီညီ့ကိုဖုန်းဆက်သိလား! ကိုကို့ ကိုအနိုင်ကျင့်ရဲတဲ့ကောင်ရှိရင်လည်း ညီညီနဲ့တွေ့မယ်! နေကောင်းအောင်နေနော်၊ ဟိုတစ်ခါကလိုမျိုး ဖယ်ရိုမုန်းတွေလွတ်ထွက်သွားအောင်အထိလည်း ဂရုမစိုက်ဘဲမနေနဲ့ဦး"
သွေးသက်စိတ်မရှည်တော့ဘဲ ညီညီ့ကို မျက်မှောင်ကျုံ့ကြည့်လိုက်ပြီး ညီညီ့နောက်က betaသူငယ်ချင်းကိုပါကြည့်လိုက်သည်။
အနည်းငယ်ဖြူဖျော့ပြီး သွယ်သွယ်လျလျလေးရှိတဲ့ ကောင်လေးက သွေးသက်ကိုပြုံးပြသည်။
"လေရှည်နေတာရပ်ပြီး မင်းသူငယ်ချင်းနဲ့ပဲ နေရာစုံမှာ ပျော်ပျော်ကြီးလည်ခဲ့! ကိုကိုလည်းပြန်တော့မယ်"
ညီညီကတစ်ခုခုပြောချင်သေးပေမဲ့လည်း သူ့သူငယ်ချင်းလေးကို လှည့်ကြည့်လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ သွေးသက်ကိုဖက်ဖို့ကြိုးစားတယ်။ သွေးသက်က အနောက်ကိုဆုတ်လိုက်ပြီး
"ထိဖို့မစဉ်းစားနဲ့!"
ညီညီရဲ့မျက်နှာက ရှုံ့မဲ့သွားပြီး စိတ်မပါလက်မပါနဲ့သူကနှုတ်ဆက်လာတယ်။
"ညီညီသွားပြီ လွမ်းမနေနဲ့"
"အင်း..မလွမ်းဘူး"
ကလေးလိုလုပ်နေသေးတဲ့ ညီညီ လေယျာဉ်ပေါ်တက်သွားတဲ့အချိန်ထိ သွေးသက်စောင့်ကြည့်ခဲ့ပြီး လေယျာဉ်ထွက်သွားမှသာအိမ်ပြန်လာခဲ့သည်။
ညီညီကကျောင်းပိတ်ရက် ခရီးထွက်သွားတဲ့အခါ အိမ်ကြီးထဲမှာ သူတစ်ယောက်ပဲကျန်ခဲ့ပြန်သည်။ ဖေဖေကအမြဲအလုပ်များနေပြီး မိသားစုအတွက်အချိန်ဆိုတာ မရှိသလောက်ကိုရှား၏။
အခန်းတံခါးကိုဖွင့်လိုက်ပေမဲ့ သူအစစ်အမှန်ကို မမြင်ရသလိုပဲ။ ပြန်ပိတ်လိုက် ဖွင့်လိုက်နဲ့ အကြိမ်တော်တော်များများ အဲ့အတိုင်းလုပ်နေမိသည်။ အဖြူရောင်အခန်းကျယ်ကြီးက ဟာလာဟင်းလင်းအတိုင်း တည်ရှိနေတာကလွဲပြီး သူမြင်ချင်တဲ့အရာကိုမမြင်ရပေ။