အခန္း(၂၇)

14.2K 781 59
                                    

Unicode

ရက်ချိန်းကိုရောက်ဖို့ တစ်ပတ်ပဲလိုတဲ့ အချိန်မှာ သွေးသက် ဆေးရုံစတက်ရတယ်။ သွေးသက်ရဲ့ အမေက ရီဝေမင်းဆက် ကိစ္စအပြီးထဲက တိုကျိုကို ပြန်မသွားတော့တာဖြစ်ပြီး မင်းဆက်နိုင်နဲ့ တစ်အိမ်တည်းအတူတူနေနေတာ ကြာပြီဖြစ်သည်။ သို့သော် အခုထိ ဆက်ဆံရေးမကောင်းသေးပုံအရ သွေးသက်မင်းဆက်ရဲ့ ခေါင်းမာတတ်တာလေးက သူ့အမေ နေခြည်သွေးသက်နှင့် တူတာသာဖြစ်လိမ့်မည်။

နေခြည်သွေးသက်ကြောင့် တစ်ခါတလေ ခေါင်းခဲနေတတ်တဲ့ မင်းဆက်နိုင်ကိုလည်း ဓာတုလွန် မကြာမကြာ သတိထားမိ၏။

အမေတူတဲ့ သားလေးက အခုတော့ ဆေးရုံဝတ်စုံကိုဝတ်ဆင်ရင်း ကုတင်ပေါ်မှာ ကျကျနနထိုင်ကာ ဓာတုလွန်ခွာပေးသော လိမ္မော်သီးများကို တိတ်တဆိတ် ထိုင်စားနေ၏။ ရက်ချိန်းထက်စောပြီး ခွဲစိတ်မည်ဆိုလာသောကြောင့် ဓာတုလွန်က စိတ်လှုပ်ရှားနေပေမဲ့ သွေးသက်ကတော့ အေးတိအေးစက်ပင်။

"တော်ပြီ..ငါအိပ်တော့မယ်"

ဓာတုလွန်က လိမ္မော်ခွံတွေနဲ့ သူ့လက်ဖဝါးထဲကို သွေးသက်ထွေးထည့်ထားတဲ့ လိမ္မော်စေ့တွေကို အမြန်ဖယ်ရှားရင်း

"ခဏလေး..မအိပ်ခင် လန်းသွားအောင် ရေဝတ်သုတ်လိုက်ပါလား"

သွေးသက်က ခဏကြာအောင် စဉ်းစားလိုက်ပြီးမှ

"မသုတ်ချင်ဘူး.."

"ကိုုယ်သုတ်ပေးမယ်လေ သန့်သန့်ရှင်းရှင်း အိပ်လို့ရတာပေါ့"

"အခု ငါကညစ်ပတ်နေလို့လား"

သဘက်ခါဆို မွေးတော့ဖွားတော့မည့်သူနှင့် ဓာတုလွန် ရန်မဖြစ်ချင်ပါ။ ကလေးမွေးပြီးမှ ကောင်းကောင်းလေး ဆုံးမပေးရမယ်လို့သာ တွေးမှတ်လိုက်ပြီး အယ်လ်ဖာက ရည်ရွယ်ချက်ရှိရှိပြုံးတယ်။

"ဟုတ်ပါပြီ မသုတ်ချင်လည်း အိပ်တော့၊ ကိုယ်မနှောင့်ယှက်တော့ဘူး"

အိုမီဂါက မအိပ်ဘဲ ခဏထိုင်နေရင်း သူစားထားတဲ့ အမှိုက်တွေကို ရှင်းနေတဲ့ အယ်လ်ဖာကိုငေးကြည့်တယ်၊ ဒီယောင်္ကျားက သူ့အပေါ်ငြင်သာပေးနေတာ ကြာပြီဖြစ်လို့ အနားကပ်မနေချင်တဲ့စိတ်တွေ ပေါ်မလာတာ ကြာပြီဖြစ်တယ်။ ဒါတွေက ကလေးမွေးပြီးရင် ပြန်ဖြစ်လာမှာတွေဆိုတာ သွေးသက်သိတယ်။

LWON (COMPLETED)Where stories live. Discover now