Unicode
"အဖေ ကျွန်တော်ဘာဆက်လုပ်ရမလဲ"
"မေးရဲသေးတယ် မင်းယောက်ဖကိုဖွက်ထားပြီး မင်းကဘာလုပ်ချင်လို့လဲ သတ်ပစ်မလို့လား မြန်မြန်ပြန်ပေးလိုက်စမ်းပါသူတို့သားကို"
ဦးလင်းထိုက်လွန်က တရုတ်ရေနွေးကြမ်းကိုု ကိုယ်တိုင် ဖျော်နေပြီး မျက်မှောင်တွေကုပ်ရင်း သူ့သားကိုု ဆုံးမဖို့ ကြိုးစားနေတယ်။
"ကျွန်တော် အဲ့တာကို ပြောနေတာမဟုတ်ဘူး သွေးသက်က..သူ.."
ဓာတုလွန်က ဆက်မပြောတော့ဘဲ ဦးလင်းထိုက် ငှဲ့ပေးထားတဲ့ ရေနွေးခွက်ကို တစ်ကျိုက်ထဲယူမော့လိုက်သည်။ သူ့သားရဲ့ ပုံစံကိုခန့်မှန်းကြည့်ပြီး ဦးလင်းထိုက်ရဲ့ မျက်ခုံးတွေကလည်း ပြေလျော့သွားရကာ ဓာတုလွန်ဘက် တည့်တည့်လှည့်လာ၏။
"ငါ့သမက်လေးက ဘာဖြစ်လို့လဲ"
Alpha က သူ့အဖေကို အားကိုးတကြီး ကြည့်လာပြီး
"သူကျွန်တော့်ဖယ်ရိုမုန်းကိုရော ကျွန်တော်နဲ့ရတဲ့ ကိုယ်ဝန်ကိုရော မကြိုက်ဘူးတဲ့"
ဦးလင်းထိုက်က အသံထွက်အောင် ရယ်မောလိုက်ပြီး ခေါင်းတခါခါဖြင့်
"မင်းသူ့ကို တစ်ခုခုလုပ်မိလို့ မင်းတို့ယူလိုက်ရတာ မေ့နေတာလား၊ သွေးသက်မင်းဆက်က မင်းဆက်နိုင်လို မကောက်ကျစ်တတ်ရင်တောင် သူ့သားဖြစ်နေတုန်းပဲ၊ အေးတိအေးစက်နဲ့ မာနထောင်လွှားနေတဲ့ အိုမီဂါလေ၊ သူ့ကို မင်းအနိုင်ကျင့်ပြီး ယူထားတာမဟုတ်ဘူးလား၊ မင်းတို့အရမ်းချစ်နေကြတယ်ဆိုမှ အံ့သြစရာဖြစ်နေမှာ"
"ကျွန်တော် တမင်လုပ်တာမှမဟုတ်တာ၊ ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် အဖေတို့က ကျွန်တော်တို့ကို ပေးစားမှာပဲ မဟုတ်ဘူးလား"
"အဲ့တာတော့ အဲ့တာပေါ့၊ ဒါပေမဲ့ မာနဆိုတာရှိသေးတယ်လေ မင်းကိုယ်ချင်းစာကြည့်လေကွာ သူဘာလို့မင်းကိုမုန်းလဲ သိလာလိမ့်မယ်"
သားဖြစ်သူဟာ သူ့အပေါ် အားကိုးတကြီး အကူအညီတောင်းလာချိန်ဟာ မရှိခဲ့တာကြာပြီ။ နှစ်တွေအများကြီးကြာပြီးမှ သူ့အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး ပထမဆုံးအကြိမ် အကူအညီတောင်းခံလာခဲ့တာ။ ဦးလင်းထိုက် ထုတ်မပြောပေမဲ့ စိတ်ထဲ တော်တော်လေး သဘောခွေ့နေ၏။ ဓာတုလွန်က နားလည်ရခက်တဲ့ ကလေးတစ်ယောက်ဖြစ်ပြီး သူ့စိတ်ထဲဖြစ်နေတာတွေကို မြိုသိပ်ရင်း အားလုံးအဆင်ပြေဖို့ပဲ အမြဲတွေးတတ်တဲ့ အကျင့်ရှိတယ်။ ဒါတွေကြောင့်လည်း သားအဖဆက်ဆံရေးက အေးစက်စက်ဖြစ်နေတာ အချိန်တစ်ခုကြာမြင့်နေပြီဖြစ်ပြီး မမြင်ရတဲ့စည်းတွေက သူတို့ကြားမှာခံနေလေသည်။ ဒါတွေကို ဖြိုချဖို့ အခုကအခွင့်ကောင်းပဲ။