Zawgyi
မင်းဆက်နိုင်ရဲ့ ဒေါသတွေက မီးလိုလောင်ကျွမ်းနေပြီး ဓာတုလွန်ကို ဖြတ်ရိုက်ပစ်ဖို့ မစောင့်နိုင်တော့တဲ့ အထိပဲ။ သားအငယ်ဖြစ်သူကို ဘယ်ဆီခေါ်သွားမှန်းမသိဘဲ ဖွက်ထားတဲ့ကောင်ကြောင့် သူ့ခေါင်းကဆံပင်တွေ အကုန်ပြောင်တော့မယ်လို့ ခံစားနေရတယ်။
ဓာတုလွန်ကို ဖုန်းဆက်မရတဲ့အဆုံး မင်းဆက်နိုင်က အိမ်တိုင်ရာရောက်လိုက်ရတော့သည်။ ညဥ့်နက်နေပြီဖြစ်လို့ မင်းဆက်နိုင်ရဲ့ကားဝင်ဖို့ ခြံတံခါးဆင်းဖွင့်ပေးမဲ့သူမရှိ၊ မိုးတွေ သည်းသည်းမည်းမည်းရွာနေပြီး ဟွန်းတောက်လျှောက်တီးပစ်လိုက်တော့ ဘေးက နေခြည်သွေးသက်က လက်ကိုလာတားတယ်။
"ရှင်စိတ်ကိုလျှော့ဦး ကလေးတွေအိပ်နေပြီနေမှာပေါ့ သူ့ယောက်ဖကိုတော့ သူမသတ်ပစ်ပါဘူး တစ်နေရာရာမှာခဏထားတာနေမှာပါ"
"အဲ့တာဆို ငါ့ဖုန်းကို ကိုင်လေကွ! မင်းသမက်က ငါ့ဖုန်းကိုမကိုင်ဘဲ ငါ့သားကိုလည်းဖွက်ထားတာ ဘာစောက်ချိုးလဲ!"
"အဲ့တာသူ့မေးမှသိမှာပေါ့ ဘာလို့စွတ်အော်နေတာလဲ ရှင်အော်ချင်တိုင်းအော်လို့ရတဲ့မိန်းမ မဟုတ်ဘူးနော်!"
မင်းဆက်နိုင် ဘာမှထပ်ပြောချင်စိတ်မရှိတော့လို့ ကားဟွန်းကိုသာ အသံကုန်ဖိတီးပစ်လိုက်တော့သည်။ သိပ်မကြာလိုက် ဓာတုလွန်က
အနက်ရောင်ထီးတစ်ချောင်းကိုဆောင်းပြီး အိမ်တံခါးဖွင့်ကာ ခြဲထဲဆင်းလာသည်။ခြံတံခါးမဖွင့်ဘဲ အထဲကနေ မျက်မှောင်တွေကုပ်ရင်း ဦးမင်းဆက်နိုင်ကို မိုးရေတွေထဲ မတ်တပ်ရပ်ကြည့်နေ၏။ အပြီးမသတ်သေးတဲ့ ဒေါသတစ်ချို့ကို မြင်နေရပြီး ဒီမြေခွေးအိုကြီးကို မှတ်လောက်သားလောက်ဖြစ်အောင် သူဘာကောင်လဲသိအောင် သေချာပြပေးရမယ်လို့ ဆုံးဖြတ်လိုက်တယ်။
အပြင်ထွက်မလာတဲ့ ဓာတုလွန်ကြောင့် မင်းဆက်နိုင်ပဲ ကားထဲကနေထွက်လိုက်ပြီး ခြံတံခါးအနားကပ်သွားကာ
"ငါဖုန်းခေါ်နေတာ ဘာကိစ္စမကိုင်တာလဲ"
"ခင်ဗျားသားကို ဖက်အိပ်နေရလို့"