အပိုင်း(၉၉.၁):ရှာတွေ့ပြီ
အစတုန်းက ချင်ကွမ်ဟိုင်တို့နဲ့အဖွဲ့ဖွဲ့ခဲ့တာက ချင်ကွမ်ဟိုင်ရဲ့တမူထူးတဲ့စွမ်းအားတွေကိုအာရုံခံနိုင်မှုကြောင့်ပဲ။ သို့သော်၊ နေ့ဝက်ကျော်လောက်ထိ သူတို့နောက်လိုက်လာပြီးနောက်၊ ကောင်းကင်ကလည်း မှောင်းမည်းလာပြီး၊ အဆင့်ခုနစ်ဆင့်က ငါးဆင့်ကိုတောင် ဖြတ်ကျော်ပြီးသွားကြလေပြီ၊ ဒါပေမဲ့ ချင်ကွမ်ဟိုင်က နေ့လယ်တုန်းက အခက်ခဲအနည်းငယ်အား ထောက်လှမ်းမိရုံကလွဲလို့ မှော်လက်နက်နဲ့ပတ်သတ်တာ ဘာတစ်ခုကိုမှ အာရုံမခံမိသေးလေဘူး။
ချန်းယုမှာ စိတ်မရှည်ဖြစ်လာကာ ချင်ကွမ်ဟိုင်ကိုချည်းကပ်လာပြီး မေးလာလိုက်လေတယ်၊ “မောင်လေးချင်၊ မင်းဘာတစ်ခုမှအာရုံမခံမိဘူးလား?”
“ဘာ ဘာကိုလဲ?” ချင်ကွမ်ဟိုင်က ၁၆နှစ်အရွယ် လူငယ်တစ်ဦးသာဖြစ်လေတယ်။ လှပတဲ့မိန်းကလေးက သူ့နားအနီးကပ်တိုးလာတော့၊ ချင်ကွမ်ဟိုင်မှာ ရှက်သွေးဖြာလာလေတော့တယ်။
“နှစ်သစ်ကူးနေ့တုန်းက ဇွန်ဘီးကိုအာရုံခံမိသလိုမျိုး တစ်ခုခုကိုအာရုံခံမိလိုက်သေးလား?” ချန်းယုက မေးလာလိုက်လေတယ်။
“အင်း၊” ချင်ကွမ်ဟိုင်က ခေါင်းညိတ်ပြလာလေတယ်။
“အဲ့တာဘာလဲ?” ချန်းယုမျက်လုံးတွေ လင်းလက်လာလေတော့တယ်။
အဝေးက ကျောက်တုံးကြီးကို လက်ညှိုးထိုးပြလာပြီး ပြောပြလာလေတယ်၊ “အဆင့်ခြောက်က အဲဒီမှာရှိမယ်လို့ကျွန်တော်ထင်တယ်။ အဲဒီမှာ မတူတာမျိုးကိုကျွန်တော်အာရုံခံမိတယ်။”
“အို၊” ချန်းယုမှာ စိတ်ဝင်စားမှုနည်းပါးသွားလေတော့တယ်။ အဲဒီမှာ ခြောက်ခုမြောက်အကာရံရှိတယ်ဆိုတာကို သူမသိတာပေါ့။ အထဲကအကာရံတိုင်းဆီ လူအိုကြီးက ခေါ်ကာလိုက်ပြဖူးတာကို။
“ဒါဆို အဲဒီကိုမြန်မြန်သွားကြစို့၊” ခြောက်ခုမြောက်ကို မြန်မြန်ရှာတွေ့သွားပြီဆိုတာကို လျန်ကွမ်ကြားလိုက်ရတော့၊ အဲဒီကိုသွားဖို့ မစောင့်နိုင်လေတော့ဘူး။
ကျောက်တုံးဆီ အဖွဲ့ချည်းကပ်လာချိန်၊ ဘေးပတ်လည်က ချက်ချင်းပြောင်းလဲသွားလေတော့တယ်။ သူတို့အဝေးကမြင်တွေ့ခဲ့ရတဲ့ မြက်ခင်းစိမ်းတွေဖြင့်တောင်ကြားက ကျောက်တုံးပုံအဖြစ်ပြောင်းလဲသွားလေတော့တယ်။ အရွယ်စားအမျိုးမျိုးရှိတဲ့ကျောက်တုံးတွေက နေရာအနှံ့ပျံ့ကျဲလာပြီး၊ ဘယ်မြက်ခင်းစိမ်းကိုမှ မမြင်နိုင်လေတော့ဘူး။
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]
Horrorချန်းယု × လော့မင် စာအုပ်အဆက်