အပိုင်း(၁၁၈):Extra 4

1.2K 118 0
                                    

အပိုင်း(၁၁၈.၁):Extra 4

ကောင်းကင်ဘုံအောက်မှာ သက်ရှိအမျိုးမျိုး နေထိုင်ကြလေတယ် ဟိုးအရင်တုန်းက၊ မြက်ပင် သစ်ပင်တွေက အသွင်ပြောင်းလဲနိုင်ကြပြီး လူသားတွေကတော့ မသေမျိုးအဆင့်ရောက်အောင် ကျင့်ကြံနိုင်ကြလေတယ်။

ဒါပေမဲ့ ရုတ်တရက်ကြီး၊ တစ်နေ့မှာတော့ မသေမျိုးလမ်းစဉ်တွေ ပြိုလဲလာလေတော့တယ်၊ ဒီတော့ နတ်ဆိုးမျိုးနွယ်နဲ့ လူသားတွေမှာ သက်တမ်းဆိုတာ ရှိလာကြလေတယ်။ မသေမျိုးကျင့်ကြံရေးဂိုဏ်းတွေလည်း ရုပ်လွန်ပညာဂိုဏ်းများအဖြစ် ကျဆင်းလာကြလေတယ်။ နတ်ဆိုးမျိုးနွယ်တွေမှာလည်း အသွင်ပြောင်းယူရန်ခက်ခဲတာမျိုး ကြုံတွေ့လာကြလေတယ်။

စိတ်စွမ်းအင်တွေ ပိုပိုနည်းလာကြပြီး; ရုပ်လွန်ပညာတွေလည်း ကျဆင်းလာလေတော့တယ်; ပြီးတော့ ကျန်ရစ်တဲ့နတ်ဆိုးမျိုးနွယ်တွေလည်း အဆုံးသတ်ကာလကို ရောက်ရှိလာကြလေတယ်။

သို့ရာတွင်၊ နတ်ဆိုးတွေနဲ့ လူသားတွေကြား ကွာဟချက်ကတော့ ရှိနေတုန်းပါပဲ။ လူသားတွေသေဆုံးကြတော့၊ သူတို့က မြေအောက်လောကဆီဝင်ရောက်နိုင်ကြပြီး ပြန်လည်မွေးဖွားနိုင်ကြလေတယ်၊ ဒါပေမဲ့ နတ်ဆိုးတွေမှာတော့ မဖြစ်နိုင်လေဘူး။ သူတို့က ကောင်းကင်နဲ့မြေကြီးကနေ အသွင်ပြောင်းလာကြတဲ့ ဝိညာဉ်တွေဖြစ်တာကြောင့်၊ မြုံသောအရာကနေစတင်ဖြစ်တည်လာခဲ့တာကြောင့်၊ သူတို့သေဆုံးသွားကြရင်တော့ ပျက်စီးယိုယွင်းသွားကြလေတယ်။

နတ်ဆိုးတွေအားလုံး သူတို့အဆုံးသတ်ကာလကို ငြိမ်းငြိမ်းချမ်းချမ်းစောင့်ဆိုင်းနေကြချိန်၊ ကောင်းကင်ဘုံက ရုတ်တရက်ကြီး သူတို့အား ရှင်သန်ဖို့အခွင့်ရေးပေးလာလေတယ်။

အမှာစကား၊ အနာဂတ်နတ်ဆိုးမျိုးနွယ်နဲ့ပတ်သတ်တဲ့အမှာစကားပေါ့၊ ထိုအမှာစကားက ရှင်သန်နေတဲ့နတ်ဆိုးတွေအားလုံးစိတ်ထဲ ဖြတ်ဝင်လာကြလေတယ်။

【အခုကစပြီး၊ နတ်ဆိုးမျိုးနွယ်ဆိုတာမျိုး ရှိတော့မှာမဟုတ်ဘူး။ အသွင်ပြောင်းနိုင်ကြတဲ့နတ်ဆိုးတွေမှာ ရွေးချယ်စရာနှစ်ခုရှိတယ်၊၊ တစ်ခုက၊ နတ်ဆိုးစွမ်းရည်ကို ထိန်းသိမ်းထားပြီး၊ မင်းနတ်ဆိုးစွမ်းအား ကုန်ခမ်းသွားတဲ့အထိ အသက်ရှင်နေထိုင်ဖို့ပဲ၊ နောက်တော့ ပျောက်ကွယ်သွားကြလိမ့်မယ်။ ဒုတိယအချက်ကတော့၊ ခွန်လွန်တောင်ထိပ်မှာ၊ မင်းနတ်ဆိုးစွမ်းအင်တွေကို လွင့်ပါးပျောက်ကွယ်စေလိုက်ပြီး လူသားအဖြစ် အသက်ရှင်နေထိုင်ဖို့ပဲ။】

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Where stories live. Discover now