အပိုင်း(၁၀၅.၁):အဆင့်Sမစ်ရှင်
နှောင့်နှေးမှုကြောင့် ပြောင်းလဲခြင်းတွေဖြစ်လာမှာစိတ်ပူတာကြောင့်၊ ချင်းမန့်တောင်ကနေဆင်းလာပြီးနောက်၊ အရေးပါသူတွေက ဖုန်းထုတ်လိုက်ပြီး ကူညီပေးနိုင်မယ့်သူတွေကို ဆက်သွယ်လာကြလေတယ်။
“ဂျူနီယာညီလေးကုဟိုင်၊ ချင်းမန့်တောင်ဆီလာခဲ့။ မနက်ဖြန်လာခဲ့လိုက်၊ လက်မှတ်ဘယ်လိုဖြတ်ရမလဲဆိုတာမင်းသိတယ်မလား? မျိုးဆက်ဆယ့်ရှစ်က၊ ကောလိပ်ကနေဘွဲ့ရပြီးတဲ့ ဘယ်တပည့်မဆိုရှာလိုက်။”
“ဆရာမော်၊ ချင်းမန့်တောင်ဆီ ခင်ဗျားလာပေးနိုင်မလား? ဘာကိစ္စရှိလို့လဲ? ပြောသာပြောလိုက်ပါ။”
“တာအိုမိတ်ဆွေလျန်၊ ချင်းမန့်တောင်ဆီမင်းလာပေးလို့ရမလား? ငါတို့ဆွေးနွေးရမယ့်ဟာရှိလို့။”
အရေးပါသူသုံးယောက်က ဖုန်းခေါ်ပြီးသွားကြတော့၊ သူတို့ရဲ့မှုန်မှိုင်းနေတဲ့မျက်နှာက စိတ်အေးလက်အေးဖြစ်မလာခဲ့လေဘူး။ အဲဒီလူတွေကို အရေးပေါ်အတွက်ခေါ်သာခေါ်လိုက်ရတာ၊ မိုးခေါင်နတ်ဆိုးမနိုးထလာတဲ့သူတို့ဆန္ဒကတော့ အကောင်းဆုံရလဒ်ပါပဲ။
“မင်းတို့ပြောလို့ပြီးကြပြီလား? ပြီးရင်စားကြရအောင်၊၊ ဟင်းတွေအေးကုန်တော့မယ်။” အခြားသူတွေဖုန်းပြောနေချိန်၊ အဖိုးဝူကတော့ တစ်ဝက်လောက်စားပြီးသွားလေပြီ။
“စားလိုက်ကြရအောင်၊” အိမ်ရှင်အနေနဲ့၊ ရှန်းချင်းကျူက တူကိုအရင်ကောက်ကိုင်လိုက်ပြီး အခြားဆရာနှစ်ဦးအား စားဖို့တိုက်တွန်းလိုက်လေတယ်။
ယန်ချုံမင်းက ဟင်းတစ်ဖက်လောက်ယူလိုက်ပြီးနောက်၊ စားပွဲတစ်ဖက်မှာ ပျော်ပျော်ရွှင်ရွှင်စားသောက်နေတဲ့အဖိုးဝူကိုကြည့်ပြီး၊ မေးလာလိုက်လေတယ်: “မင်းတပည့်ကိုဆက်သွယ်ပြီးသွားပြီလား?”
အဖိုးဝူမှာ ပြန်ဖြေဖို့အချိန်မရှိလေဘူး၊ ဒီတော့ ခေါင်းသာခါပြလာလေတယ်။
“တာအိုမိတ်ဆွေဝူ၊ ကျန်တဲ့တာအိုမိတ်ဆွေတွေက မနက်ဖြန်ချင်းမန့်တောင်မှာလာစုကြလိမ့်မယ်။” ရှန်းချင်းကျူက ပြောလာလေတယ်၊ “မင်းတပည့်ကို မနက်ဖြန် လာခိုင်းလိုက်ပါ့လား?”
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]
Horrorချန်းယု × လော့မင် စာအုပ်အဆက်