အပိုင်း(၉၈.၂)

1.2K 119 1
                                    

အပိုင်း(၉၈.၂)

"အင်းပါ၊" လုနင်က ဆက်ပြောပြလာလေတယ်၊ "ငါတို့ကအစောတုန်းက အဖွဲ့ဖွဲ့မယ့်အကြောင်းပြောနေကြတာ၊၊ ရှီရှီ၊ မင်းငါတို့နဲ့ပူးပေါင်းချင်လား?"

"အဖွဲ့ဖွဲ့မယ်?" ချန်းယုက အနည်းငယ်နားမလည်နိုင်ဖြစ်နေလေတယ်။

"အချင်းချင်းရင်းနှီးကြတဲ့သူတွေ အဖွဲ့ဖွဲ့လိုက်မယ်ဆိုရင်၊ အခက်ခဲတွေကိုရင်ဆိုင်တာက ပိုမြန်ဆန်လာနိုင်ပြီး မှော်လက်နက်ကိုရှာတွေ့နိုင်ခြေ ပိုများနိုင်တယ်။" လုနင်က စတင်ပြောပြလာလေတယ်၊ "တာအိုမိတ်ဆွေလျန်၊ ကွမ်ဟိုင်နဲ့ စီနီယာရှောက်ကတစ်ဖွဲ့။ ငါကကျ ယန်ဝေ ယန်ချင်းတို့နဲ့လေ။ မင်းငါတို့နဲ့အဖွဲ့ဖွဲ့ချင်လား?"

လုနင်က ချန်းယုအား ဖိတ်ခေါ်လိုက်တာကို ယန်ချင်းကြားလိုက်တော့၊ သူမက အနည်းငယ် မပျော်မရွှင်ဖြစ်လာလေတယ်။

ချန်းယုက တစ်ချက်ကြည့်လာပြီးနောက်၊ သူမအကြည့်က အငယ်ဆုံးလေး ချင်ကွမ်ဟိုင်ထံ အကြည့်ရောက်လာလေတယ်။ သူမမှတ်မိတာမမှားရင် သူ့ဆီမှာ အထူးစွမ်းအင်ရှိတဲ့ပုံပဲ။

"နင်တို့အဖွဲ့ထဲငါပါလို့ရလား?" ချန်းယုက ပြုံးပြီး ချင်ကွမ်ဟိုင်ကို မေးလာလိုက်လေတယ်။

"မင်းကငါတို့နဲ့အဖွဲ့ဖွဲ့ချင်တာလား?" ချင်ကွမ်ဟိုင်မှာ မှင်သက်သွားလေတယ်။

"အင်း။ ငါမှတ်မိသလိုဆို စွမ်းအင်ကိုအာရုံခံနိုင်တာမှာ နင်ကအရမ်းအားကောင်းတယ်၊ ဒီတော့ မှော်လက်နက်တွေရဲ့တည်နေရာကို နင်အာရုံခံနိုင်ရင်ခံနိုင်လောက်တယ်။"

ဝိညာဉ်လက်နက်ကို ဘယ်မှာသိမ်းထားလဲဆိုတာကို သူမအဖိုးတောင်မသိမှတော့၊ ကောက်ရိုးပုံထဲကအပ်လိုက်ရှာနေမယ့်အစား၊ ချင်ကွမ်ဟိုင်နောက် ဘာလို့မလိုက်သွားရမှာလဲ? ဖြစ်နိုင်တာက၊ မမျှော်လင့်ဘဲ သူအာရုံခံနိုင်ရင်ခံနိုင်လောက်တယ်၊ ဝိညာဉ်စိမ်းဆံညှပ်တုန်းကလိုပေါ့။

ချန်းယုရဲ့ပွင့်ပွင့်လင်းလင်းစကားကိုကြားလိုက်ရတော့၊ ချင်ကွမ်ဟိုင်မှာ ဘာပြောကမှန်းမသိဖြစ်သွားလေတယ်၊ ဒီတော့ သူ့စီနီယာအစ်ကိုကို အကူညီတောင်းခံတဲ့အနေဖြင့် လှမ်းကြည့်လာလိုက်လေတယ်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Where stories live. Discover now