အပိုင်း(၁၁၃.၂)

1K 96 0
                                    

အပိုင်း(၁၁၃.၂)

“သွေး၊ ငါသွေးမမြင်ရတာအတော်ကြာပြီပဲ၊” မိုးခေါင်နတ်ဆိုးက ရုတ်တရက် အနည်းငယ်စိတ်လှုပ်ရှားလာလေတော့တယ်၊ “မင်းသွေးမထွက်တော့အောင်၊ ငါမင်းကိုကူညီပါရစေ။ မင်းဒဏ်ရာရခဲ့ရင်တောင်၊ နာကျင်တာကိုခံစားရတော့မှာမဟုတ်ဘူး။”

မိုးခေါင်နတ်ဆိုးက ရယ်မောလာလေတော့တယ်။ ထို့နောက်မှာတော့၊ မိုးခေါင်နတ်ဆိုးထွက်ပေါ်လာမှုကြောင့် ချင်းမန့်တောင်ထဲ ဂနာမငြိမ်ဖြစ်နေတဲ့မကောင်းမှုစွမ်းအင်တွေ ရုတ်တရက်ကြီး တုန်ခါလာပြီး၊ သူ့ကိုယ်ထဲ မမြင်နိုင်တဲ့အမြန်နှုန်းဖြင့် ပြန်ကျုံ့ဝင်သွားလေတော့တယ်။

“မကောင်းမှုစွမ်းအင်တွေ ပျောက်ကွယ်သွားတာလား?” ယန်ချုံမင်းမှာ အံ့ဩသွားကာ၊ ကောင်းကင်ကို လက်ညှိုးထိုးပြလာလေတော့တယ်။

အဖိုးဝူက မိုးခေါင်နတ်ဆိုးနဲ့ လော့မင်ကြားကတိုက်ပွဲကို မျက်ခြေမပျက် စိုက်ကြည့်နေခဲ့တာ။ မိုးခေါင်နတ်ဆိုးရဲ့မကောင်းမှုစွမ်းအင်တွေ ကြီးထွားလာချိန်၊ လော့မင့်မကောင်းမှုစွမ်းအင်ကလည်း တစ်ချိန်တည်း ကြီးထွားလာတယ်ဆိုတာကို သူသတိထားမိနေလေတယ်။ သူ့စိတ်ထဲအတွေးတစ်ခုပေါ်ထွက်လာပြီး တအံ့တဩပြောလာလေတယ်၊ “ပစ်ကြ၊ မိုးခေါင်နတ်ဆိုးက လော့မင်ရဲ့မကောင်းမှုစွမ်းအင်ကိုလှုံ့ဆော်ဖို့လုပ်နေတာ။”

“ဘာ?” ဆရာမော့်မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာပြီး၊ လော့မင်အခြေနေကို စစ်ဆေးကြည့်ရန်လှည့်ကြည့်လာလိုက်တော့၊ သူ့ကိုယ်က စိုးရိမ်ဖွယ်ကောင်းတဲ့အရှိန်နှုန်းဖြင့် ကြီးထွားလာနေတယ်ဆိုတာကို သူမြင်တွေ့လိုက်ရလေတယ်။ မကောင်းမှုစွမ်းအင်ပေါက်ထွက်လာနှုန်းက အရင်ကနှုန်းထားကိုတောင် ကျော်လွန်သွားခဲ့လေပြီ။

တစ်ချိန်တည်းမှာပဲ၊ အဖိုးဝူနဲ့ ကျန်တဲ့လူတွေဒါကိုသတိထားမိလိုက်ချိန်၊ လော့မင်လည်း သူ့ကိုယ်ထဲကပြောင်းလဲလာတာတွေကို သတိထားမိနေလေတယ်။ မဟုတ်ဘူး၊ သူ့ထဲက‌မကောင်းမှုစွမ်းအင်တွေကို ထိန်းချုပ်ဖို့ကို သူအရှုံးပေးလိုက်တာလို့ ပြောသင့်တာ။ သူသာ မိုးခေါင်နတ်ဆိုးကို ဒီမှာရှုံးနိမ့်သွားခဲ့မယ်ဆိုရင်၊ ကျန်တဲ့လူတွေက မိုးခေါင်နတ်ဆိုးရဲ့ပြိုင်ဘက်မဖြစ်နိုင်ကြဘူးဆိုတာကို သူကောင်းကောင်းသိနေတာကြောင့်ပေါ့။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Where stories live. Discover now