အပိုင်း(၁၀၇.၂)

923 100 0
                                    

အပိုင်း(၁၀၇.၂)

ချင်မန့်တောင်ကနေ အဖွဲ့ပြန်လာခဲ့တာ နာရီအတော်ကြာသွားခဲ့လေပြီ၊ ဒါပေမဲ့ ချန်းယုကတော့ မေ့မြောနေတုန်းပဲ။

အဖိုးဝူက ကုတင်ဘေးနေပြီး၊ ချန်းယုရဲ့အခြေနေကို အာရုံစိုက်နေလေတယ်။ အစတုန်းက ချင်းမန့်တောင်မှာ အသက်ရှူတာကစဉ့်ကလျားဖြစ်ခဲ့တာကလွဲလို့၊ ဒီတစ်ကြိမ်တော့ ဘာမူမှန်တာမှမရှိလေဘူး။ အချို့အကြောင်းရင်းတွေကြောင့်၊ ချန်းယု နိုးမထလာသေးတာပဲရှိတယ်။

နေဝင်ချိန်ကျော်သွားပြီးနောက် အဖိုးဝူစိတ်ရှည်ခြင်းက လုံးလုံးကုန်ဆုံးသွားခဲ့လေပြီ။ အဖိုးဝူက ဧည့်ခန်းမှနေ မှုန်တေတေဖြစ်လျက်ထွက်လာခဲ့လိုက်ပြီး အရှေ့ခန်းမဆီလာပြီး၊ အဓိကထိုင်ခုံမှာထိုင်နေတဲ့ ရှန်းချင်းကျူကို ဆူငေါက်လာလိုက်လေတယ်: “လောင်ရှန်း၊ သွားပြီးဆရာဝန်ခေါ်ပေး။”

“ဘာဖြစ်လို့လဲ?” အဖိုးရှန်းက သူတို့ဆွေးနွေးနေတုန်း ကြားဖြတ်ဝင်ပြောလာတဲ့အဖိုးဝူကို မေးလာလိုက်လေတယ်။

“ငါ့မြေးက မင်းပိုင်နက်မှာ မတော်တဆဖြစ်တာလေ၊ ဒါတောင် မင်းကတော့ သူမအတွက် ဆရာဝန်တောင် မ‌ခေါ်ပေးနိုင်ဘူးပေါ့?” အဖိုးဝူက အော်ဟစ်လာလိုက်လေတယ်။

“...” အဖိုးရှန်း ဘယ်လောက်ပဲ စိတ်ထားကောင်းကောင်း၊ ဒီတကြိမ်တော့ မနေနိုင်ဘဲ မျက်လုံးလှိမ့်လာလိုက်လေတော့တယ်။ “မင်းတပည့်အခြေနေကို မင်းသိတယ်မဟုတ်ဘူးလား? ဆရာဝန်ရှာနေလည်း ဘာအသုံးဝင်မှာမိုလို့လဲ?”

“ငါဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ်၊ အခု ငါ့မြေးကသတိလစ်နေတာ၊ မင်းမှာတာဝန်ရှိတယ်။” အဖိုးဝူမှာ အရမ်းစိတ်ဓာတ်ကျနေတာကြောင့် ဘယ်သူ့ကိုမှ မကြည့်နိုင်လေတော့ဘူး။

“ဒါဆို မင်းမြေးကြောင့် ချင်းမန့်တောင်မှာ ပြောင်းလဲခြင်းတွေ ဖြစ်လာခဲ့တာအတွက် ဘယ်သူတာဝန်ယူမှာလဲ၊ အဲ့ချိပ်ကလျော့ရဲလာပြီး မိုးခေါင်နတ်ဆိုးလည်း နိုးလာတော့မယ်?” ယန်ချုံမင်းက မေးလာလိုက်လေတယ်။

“ငါ့မြေးကြောင့် ပြောင်းလဲခြင်းတွေဖြစ်လာခဲ့တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? မင်းမှာသက်သေရှိလား?” အဖိုးဝူက မျက်လုံးမှေးလာကာ ယန်ချုံမင်းအား အန္တရာယ်ပြုမည့်ဟန်ဖြင့် ကြည့်လာလိုက်လေတယ်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Onde histórias criam vida. Descubra agora