အပိုင်း(၁၁၆):Extra 2

1.2K 139 0
                                    

အပိုင်း(၁၁၆.၁):Extra 2

ချန်းမိသားစုဧည့်ခန်းထဲ။

သေနတ်တွေကိုင်ထားကြတဲ့အစောင့်တွေက တံခါးဆီထွက်သွားကြပြီဆိုပေမဲ့၊ ဧည့်ခန်းထဲကလေထုအခြေနေကတော့ အတော်လေးတင်းမာနေသေးလေတယ်။ ဟင့်အင်း၊ တင်းမာနေရုံတင်မကဘူး၊ ထူးလည်းထူးဆန်းနေသေးလေတယ်။

မြို့တော်ဝန်ချန်းက လော့မင်နဲ့မျက်နှာချင်းဆိုင် ဆိုဖာမှာထိုင်နေတာ။ သူနိုင်ငံရေးလောကမှာရှိနေတာ နှစ်အတော်ကြာခဲ့လေပြီ၊ ဒါတောင် အခုချိန်မှာတော့ သူ့ကိုသူစိတ်တည်ငြိမ်အောင် မထိန်းနိုင်ဖြစ်နေတုန်းပဲ။

လော့မင်ကဘယ်သူလဲ? သူကဝန်ကြီးလော့ရဲ့သားအငယ်ဆုံးမဟုတ်လား? ဟုတ်တယ်၊ ဒါပေမဲ့ သူဘယ်သူဘယ်ဝါသားဆိုတာက မြို့တော်ဝန်ချန်းကို အထိတ်တလန့်ဖြစ်အောင်မလုပ်ပေးနိုင်လေဘူး။ သူ့ကိုထိတ်လန့်စေရတာက လော့မင်ကိုယ်တိုင်ကသာဖြစ်လေတယ်။

လော့မင်၊ တရုတ်နိုင်ငံရဲ့အငယ်ဆုံးသိပ္ပံပညာရှင်၊ အသက်ဆယ့်ငါးနှစ်အရွယ်မှာ လက်နက်ဒီဇိုင်းတွေ စတင်ရေးဆွဲခဲ့ပြီး၊ အသက်ဆယ့်ရှစ်နှစ်မှာတော့ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာနထဲ ပထမဆုံးသောလက်နက်ဒီဇိုင်းပညာရှင်ဖြစ်လာခဲ့တယ်။ သုံးနှစ်ထဲနဲ့၊ သူက တရုတ်နိုင်ငံရဲ့ရှေ့ပြေးစစ်တပ်ကို ကမ္ဘာ့ထိပ်တန်းထိရောက်အောင် သူမြင့်တင်ပေးနိုင်ခဲ့ပြီး၊ အခုထိ အဲဒီနေရာကိုထိန်းထားနိုင်တုန်းပဲ။ လော့မင်သာရှိနေသရွေ့၊ တရုတ်နိုင်ငံစစ်တပ်က ကမ္ဘာ့ထိပ်တန်းစစ်တပ်ထဲ မယိမ်းမယိုင်ဘဲဆက်လက်တည်ရှိနေနိုင်မှာဖြစ်လေတယ်။

အဲ့တာဘာကိုဆိုလိုတာလဲ? အဲ့တော့ နိုင်ငံတော်က လော့မင်ကိုကာကွယ်ဖို့အတွက်ဆို ဘာမဆိုပေးဆပ်နိုင်တယ်လို့ ဆိုလိုချင်တာပဲ။

မြို့တော်ဝန်ချန်းမှာ ဒါနဲ့ပတ်သတ်လို့ ငြင်းဆန်တာမျိုးမရှိလေဘူး၊ ဒါပေမဲ့ ထိုအမျိုးသားလိုချင်တာက သူတို့ဆီပြန်ရောက်လာတာမှ တစ်နှစ်ပဲရှိသေးတဲ့ တုံးအတဲ့သူ့သမီးလေးကိုလိုချင်တာဆိုရင်ကတော့...

“လော့မင်၊ အသီးလေးစားပါဦး၊” အမေချန်းက သူမလက်ထဲက အသီးပန်းကန်ကို လော့မင်ထံ လှမ်းပေးလာလိုက်လေတယ်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Onde histórias criam vida. Descubra agora