အပိုင်း(၁၁၀.၁):ရစ်ခွေနေသောနဂါးအစီရင်
ချန်းယုက သူမအခန်းဆီပြန်လာခဲ့ပြီးနောက်၊ အနည်းငယ်အိပ်ချင်လာလေတယ်။ သူမလဲပြီးအနားယူတော့မယ့်အချိန်၊ မကောင်းမှုစွမ်းအင်တစ်သုတ်ကြောင့် နိုးထလာလေတော့တယ်။ သူမက တံခါးကိုဆွဲဖွင့်လိုက်ပြီး အခန်းဝင်ပေါက်မှာရပ်ပြီး ချင်းမန့်တောင်ရှိတဲ့ဘက်ကို လှမ်းကြည့်လာလိုက်လေတယ်။ ညမှောင်ထဲ သွေးနီရောင်အလင်းက သွေးနီရောင်နေဝင်ချိန်လိုမျိုး အရောင်ပြန်ဟပ်ပေးနေလေတယ်။
"ဖြောက်၊"
ချန်းယုက ခေါင်းလှည့်ကြည့်လာလိုက်တော့ အဖိုးဝူကိုမြင်လိုက်ရလေတယ်။
"အဖိုး၊" ချန်းယုက ခေါ်လာလိုက်လေတယ်။
"သွားရအောင်။ အခြားသူတွေလည်း နိုးခါနီးနေလောက်ပြီ၊" အဖိုးဝူက ပြောပြီးတာနဲ့ ခန်းမဆီ ဦးဆောင်ထွက်လာခဲ့လိုက်လေတယ်။
ဒီနေ့ ဘယ်သူမှ ကောင်းကောင်းအိပ်စက်နိုင်မယ့်ကံမပါကြပုံပဲ။
အရေးပါသူတွေအားလုံး ခန်းမထဲကို လေးနက်တဲ့အမူရာတွေနဲ့ လျှောက်ဝင်လာကြလေတယ်၊ သူတို့ထဲ ဆရာမော်တစ်ဦးတည်းကသာ ချန်းယုကိုမြင်လိုက်ချိန် စိုးရိမ်စိတ်နဲ့မေးလာလေတယ်၊ "သူငယ်ချင်းလေးချန်း၊ မင်းနိုးပြီပဲ။ နေမကောင်းဖြစ်တဲ့နေရာကောရှိလား?"
"ကျွန်မအဆင်ပြေပါတယ်၊" ချန်းယုက ပြုံးကာပြန်ဖြေလာလေတော့တယ်။
ဆရာမော်က ခေါင်းညိတ်ပြီး: "လော့မင်ဘယ်မှာလဲ?"
"တတိယအစ်ကို အနားယူနေတုန်းဖြစ်မယ်၊" ချန်းယုက ပြန်ဖြေပေးလာလိုက်တယ်။
ဆရာမော်က မျက်မှောင်ကြှုပ်ပြီး ပြောလာလေတယ်၊ "ငါတို့ လော့မင်နဲ့မြန်မြန်တွေ့မှဖြစ်မယ်။"
မိုးခေါင်နတ်ဆိုးက ချင်းမန့်တောင်ရဲ့ချိပ်ပိတ်ထားတာကိုဖြတ်ပြီး လုံးလုံးနိုးထလာဦးမှာမဟုတ်လေဘူး၊ ဒါပေမဲ့ သူလွတ်မြောက်သွားတာနဲ့၊ လော့မင် အဲ့တာနဲ့ တွေ့နိုင်ခြေက များလှလေတယ်။ နှစ်ဦးလုံး တစ်ချိန်တည်း ပေါက်ကွဲသွာခးဲ့မယ်ဆိုရင်၊ ဖြစ်လာမယ့်အကျိုးဆက်က တွေးတောင်တွေးတောလို့မရနိုင်လောက်ဘူး။
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]
Horrorချန်းယု × လော့မင် စာအုပ်အဆက်