အပိုင်း(၁၀၁.၂)

1K 117 0
                                    

အပိုင်း(၁၀၁.၂)

"နင်တို့အားလုံးဒီမှာရှိနေကြတာပဲ၊" ချန်းယုက မလုံမလဲဖြစ်နေသလို ပြုံးပြလာလေတော့တယ်။

"မင်းအဆင်ပြေလို့တော်ပါသေးတယ်၊" လုနင်က ချန်းယုရဲ့အခြေအနေကို စစ်ဆေးကြည့်လာလေတယ်။ သူမမှာစိတ်စွမ်းအင်ပြည့်ပြည့်ဝဝရှိကာ စိတ်အခြေအနေကောင်းမွန်နေပြီး သူတို့ထက်တောင်အားအင်ပြည့်ဝနေတယ်ဆိုတာကိုမြင်တော့၊ စိတ်ချလက်ချဖြစ်သွားလေတော့တယ်။

တစ်ဖက်က ချင်ကွမ်ဟိုင်ကတော့၊ ချန်းယုနောက်က လှံရှည်ကို သတိထားမိလိုက်ပြီး မေးလာလေတယ်၊ "ဒါကဒုတိယမြောက်ဝိညာဉ်လက်နက်လား?"

"အင်း၊" ချန်းယုက ခေါင်းညိတ်ပြလိုက်လေတယ်။

"ဒီသံချပ်ကာကောပဲလား?" ချန်းယုရဥ့လက်နှစ်ဖက်လုံးနဲ့တရွတ်တိုက်ဆွဲလာ‌တဲ့ လေးလံပုံရတဲ့သံချပ်ကာကိုကြည့်ပြီး လျန်ကွမ်ကမေးလာလိုက်လေတယ်။

"ဒီတစ်ခုမပါဘူး။ ဒါကဇွန်ဘီးဆီကငါကောက်ယူခဲ့တဲ့ဟာလေ၊" ချန်းယုကပြောပြလာလေတယ်၊ "ဇွန်ဘီးကနှစ်အကြာရှိကြီး‌ေနခဲ့တာ။ ဒီသံချပ်ကာရဲ့အရည်သွေးကလည်းအရမ်းကောင်းတယ်။ ဒါကသေချာပေါက်လက်နက်ကောင်းတစ်ခုလေ၊ ဒီတော့ ဒါကိုသယ်ထုတ်လာပြီးပိုက်ဆံကောင်းကောင်းနဲ့ရောင်းပစ်လိုက်လို့ရနိုင်မလားသိချင်လို့လေ၊"

"..." ဒီလိုကိစ္စမျိုးကို တာအိုမိတ်ဆွေချန်းလုပ်ချိန် ဘာလို့ယုတ္တိတန်တဲ့ပုံပေါက်နေရတာလဲ?

"ငါသယ်ကူပေးမယ်လေ၊" ချန်းယုက သံချပ်ကာအပိုင်းနှစ်ခုကို ခက်ခက်ခဲခဲသယ်ယူနေရတာကိုမြင်တော့၊ လုနင်က ကူညီပေးရန်လုပ်လာလေတယ်။

"မလိုဘူး၊ မလိုဘူး၊ ဒါအရမ်းလေးတယ်။ ငါ့ဘာသာငါပဲလုပ်ပါ့မယ်၊" ချန်းယုက ငြင်းဆန်လိုက်လေတယ်။

"အဆင်ပြေပါတယ်၊ ငါမင်းကိုသယ်ကူပေးပါ့မယ်။" လုနင်က အတင်းအကျပ်ကူညီပေးချင်နေတယ်။

သူဒီလောက်ကူညီချင်နေမှတော့၊ ချန်းယုက သူမကိုင်ထားတာကိုလွှတ်ပေးလိုက်လေတယ်။

"ဒုန်း!"

လေးလံလွန်းတဲ့သံချပ်ကာကြောင့် လုနင်က ဒူးထောက်လုနီးပါးဖြစ်သွားလေတယ်။ သူ့မျက်နှာပေါ် ရှက်ကိုးရှက်ကန်းဖြစ်နေမှုလေးပေါ်ထွက်လာလေတော့တယ်။ သူကအားတင်းပြုံးပြလာပြီး ပြုတ်ကျသွားတဲ့သံချပ်ကာကိုကောက်မဖို့ကိုယ်‌ကိုင်းလာလိုက်လေတယ်။ ဒါပေမဲ့၊... အဲ့တာကိုမဆွဲနိုင်ဖြစ်နေလေတယ်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Onde histórias criam vida. Descubra agora