အပိုင်း(၁၀၆.၃)

935 106 0
                                    

အပိုင်း(၁၀၆.၃)

“ဝိညာဥ်လက်နက်က ချင်းမန့်တောင်မယ်?” အဖိုးဝူမှာ မှင်သက်သွားရလေတယ်။ ရှန်းချင်းကျူနဲ့အခြားသူတွေနှင့်အတူ တောင်ကိုသွားခဲ့တုန်းက သူအာရုံခံမိခဲ့တဲ့ ဆက်တိုက်တုန်ခါနေခဲ့တဲ့ဝိညာဉ်လက်နက်ကို အမှတ်ရသွားလေတယ်။

“အင်း၊” ချန်းယုက ပြင်းပြင်းထန်ထန်ခေါင်းညိတ်ပြလာပြီး၊ မျက်တောင်မခပ်လိုက်ဘဲ အဖိုးဝူအား စိုက်ကြည့်နေလေတော့တယ်။

အဖိုးဝူက မျက်မှောင်ကြှုပ်လိုက်လေတယ်။ သူက ချန်းယုအား အလေးအနက်ကြည့်လာလိုက်ပြီး သူမတစ်ခါမှမမြင်တွေ့ဖူးတဲ့ လေးနက်နေတဲ့အမူရာဖြင့် ပြောလာလေတယ်၊ “ကောင်မလေး၊ ခဏနေရင် ချင်းမန့်တောင်ဆီရောက်တော့မယ်။ မင်းဝိညာဉ်လက်နက်ကို အာရုံခံမိခဲ့တယ်ဆိုရင်တောင်၊ မင်းမှာအဲ့တာကို ထိခွင့်မရှိဘူး။”

အခုတော့ အဖိုးဝူက ချန်းယုအား သူပြောလျင်တဲ့အရာတွေကို ပြောလိုက်ပြီးလေပြီ၊ ဆရာမော်က သူ့ပါးစပ်ဖျားနားရောက်လာတဲ့စကားတွေကို ပြန်မျိုချလိုက်ရလေတယ်။

“ချိပ်ကိုမထိမိအောင် ကျွန်မသတိထားပါ့မယ်၊” သူမအဖိုး ဘာကိုစိတ်ပူနေလဲဆိုတဲ့အကြောင်း ချန်းယုနားလည်လေတယ်။ မိုးခေါင်နတ်ဆိုးကို လျစ်လျှူရှုထားပြီး ဝိညာဉ်လက်နက်ရဖို့ပဲလုပ်နေရလောက်တဲ့အထိ သူမ,မတုံးအလေဘူး။

“ကိုစက်ဝန်းဂိတ်အစီရင်က ချိပ်ကိုခိုင်ခန့်သွားအောင် အဲဒီလူအိုကြီး၊ ရှန်းချင်းကျူတွေးခဲ့မိတဲ့အစီရင်တစ်ခုပဲ။ မိုးခေါင်နတ်ဆိုးတစ်ကောင်ကို ချိပ်ပိတ်ပေးနိုင်တဲ့ ချိပ်တစ်ခုက၊ ရှုပ်ထွေးပြီး ငါတို့ထဲကဘယ်သူမှမမြင်တွေ့ဖူးခဲ့တဲ့ဟာမျိုးပဲ၊ ပြီးတော့ ငါတို့ထဲကဘယ်သူမှအဲ့တာကိုမလေ့လာနိုင်ခဲ့ဘူး။” အဖိုးဝူကပြောပြလာလေတယ်၊ “မိုးခေါင်နတ်ဆိုးက ချင်းမန့်တောင်အောက်မှာအိပ်နေခဲ့တာ နှစ်ပေါင်းမရေနိုင်တော့ဘူး။ ချိပ်က ချင်းမန့်တောင်နဲ့ပေါင်းစပ်သွားခဲ့တော့၊ ချင်းမန့်တောင်မှာရှိတဲ့ မြက်နဲ့သစ်ပင်တိုင်းက ချိပ်ရဲ့အစိတ်ပိုင်းတွေဖြစ်သွားနုိင်တယ်၊ ဝိညာဉ်လက်နက်ကိုမပြောနဲ့ဦး။”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Hikayelerin yaşadığı yer. Şimdi keşfedin