အပိုင်း(၁၀၈.၂)
လျှို့ရှန်ဂိုဏ်းကနေ နန်းတော်ဆီ မြင်းနဲ့သွားမယ်ဆိုရင် ဆယ်ရက်သာကြာလေတယ်၊ ဒါပေမဲ့ နှစ်ယောက်သားက တစ်လလောက်လမ်းလျှောက်ခဲ့ကြလေတယ်။ လမ်းတစ်လျှောက်မှာ၊ လူရွယ်က မိန်းကလေးရဲ့စိတ်ကူးပေါက်ရာအားလုံးကို အလိုလိုက်လျောပေးခဲ့ပြီး၊ အဆုံးမရှိ အလိုလိုက်သဘောကျလုပ်ဆောင်ပေးခဲ့လေတယ်။ ဒါက လင်ကျီရဲ့သက်တမ်းတိုလှတဲ့ဘဝမှာ အတောက်ပဆုံးသောနေ့ရက်များဖြစ်ခဲ့လေတယ်။
သူတိူ့နန်းတော်ပြန်ရောက်တဲ့အချိန်ထိပေါ့...
အဲဒီနေ့တုန်းက သည်းသည်းမည်းမည်းမိုးရွာနေခဲ့တာ။ တိမ်တိုက်ထူထူတွေက နေ၊ လနဲ့ ကြယ်တွေကို ဖုံးလွှမ်းထားပြီး၊ လောကကြီးတစ်ခုလုံးကို မှောင်မည်းလာစေလေတယ်။ သူမပြတင်းပေါက်အပြင်ဘက်ကအရိပ်ကို လင်ကျီသတိထားမိလိုက်ချိန် သူမကဖယောင်းတိုင်ကိုငြိမ်းကာ အိပ်စက်အနားယူရန်ပြင်နေခဲ့တာ။
"ဘယ်သူလဲ?" လင်ကျီဓားကိုကိုင်ကာ တည်ခိုးခန်းတံခါးကိုတွန်းဖွင့်လိုက်လေတယ်။ ထို့နောက်မှာတော့၊ ကောင်းကင်ကနေ မိုးကြိုးအလင်းဆင်းသက်လာကာ၊ ခြံဝန်းထဲကပုံရိပ်အား မြင်လာနိုင်စေခဲ့လေတယ်၊ "အစ်ကိုလော၊ ဘာလို့မိုးထဲရပ်နေတာတုန်း? အထဲဝင်လာခဲ့လေ။"
"မဝင်ဘူး၊" လူရွယ်ရဲ့အသံက တားဆီးချုပ်နှောင်ခြင်းနဲ့ နာကျင်ခြင်းတွေရောနှောပါနေကာ၊ အသနားခံခြင်းလည်းပါဝင်နေလေတယ်၊ "ချင်းလင်၊ ဒီကိုမလာခဲ့နဲ့။"
"အစ်ကိုလော?" မိန်းကလေးက မှင်သက်သွားလေတော့တယ်။ နိမိတ်မကောင်းတဲ့ခံစားချက်မျိုး ရုတ်တရက်ရလာလေတော့တယ်။
"ကိုယ်က...မင်းကို မနက်ဖြန် နန်းတော်ဆီပြန်ပို့ပေးပြီးတာနဲ့ ထပ်ပေါ်လာတော့မှာမဟုတ်ဘူး၊ ဒါပေမဲ့..." မိုးသည်းသည်းမည်းမည်းရွာသွန်းနေတဲ့ကြား၊ လူရွယ်က ခေါင်းမော့လာပြီး သူ့ချစ်ရတဲ့မိန်းကလေးကိုကြည့်ကာ၊ "မင်းကိုလူကိုယ်တိုင်နှုတ်ဆက်စကားပြောသင့်တယ်လို့ ကိုယ်တွေးမိလို့။"
"အစ်ကိုဘယ်သွားမလို့လဲ?" မိန်းကလေးမှာ ထိတ်လန့်တကြားဖြစ်လာလေတော့တယ်။
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]
Horrorချန်းယု × လော့မင် စာအုပ်အဆက်