အပိုင်း(၁၀၂.၁):မင်းကိုသဘောကျတယ်
“မင်းသမီးလင်ကျီမှာ စောစောသေမယ့်ကံပါတယ်၊” ဆရာက အလွန်မင်းပြင်းထန်းတဲ့ဗုံးကိုသုံးပြီး ဖုန်းလောရင်ထဲ ပစ်ချလာလေတော့တယ်။
“ဆရာ!” ဖုန်းလောက သူ့ဆရာအားမယုံကြည်နိုင်ဖြစ်လျက် ကြည့်လာလေတယ်။
ဆရာက ဖုန်းလောရဲ့ယုံကြည်ဖို့လက်မခံနိူင်နေတာကိုကြည့်ပြီး၊ နောင်တရသလိုခေါင်းညိတ်လာကာ၊ သူ့တွက်ချက်မှုတွေကို ထပ်မံအတည်ပြုလာလေတော့တယ်။
“ဘယ်အချိန်လဲ?” အချိန်အတော်ကြာတိတ်ဆိတ်ပြီးနောက်၊ ဖုန်းလောက ရုတ်တရက်မေးလာလေတယ်။
“သူမက နှစ်၂၀ထက်ကျော်အောင်မနေနိုင်ဘူး၊” ဆရာကပြန်ဖြေပေးလာလေတယ်။
နှစ်၂၀မကျော်နိုင်ဘူး? လင်ကျီက ၁၈ပြည့်ခါနီးပြီမဟုတ်လား? ဖုန်းလောက အသက်ပြင်းပြင်းရှုလိုက်ပြီး ထရပ်လာကာ၊ လှည့်ထွက်လာလေတော့တယ်။
“မင်းဘယ်ကိုသွားမလို့လဲ?” ခန်းမထဲကနေ ထွက်သွားတော့မလိုလုပ်နေတဲ့သူ့တပည့်ကို ဆရာက အော်တားလာလိုက်လေတယ်။
“လင်ကျီကိုသွားရှာမလို့၊” ဖုန်းလောက နောက်ကျော်ပေးထားရင်း ပြန်ဖြေလာလိုက်လေတယ်။
“ငါပြောတာတွေကို မင်းမေ့သွားပြီလား” ဆရာက မျက်မှောင်ကြှုပ်လာလေတော့တယ်။ သူ့တပည့်က ငယ်စဉ်ကတည်းက တည်ငြိမ်လှလေတယ်။ အခုတော့ သူထွက်သွားတော့မယ်ဆိုတဲ့အကြောင်းမပြောလာဘဲ ဘယ်လိုလုပ်ထွက်သွားဖို့ပြင်နေရတာလဲ?
“ဆရာ၊” ဖုန်းလောက လှည့်လာပြီး အလေးအနက်ပြောပြလာလေတယ်၊ “ဆရာ့ဟောကိန်းတွေက တစ်ခါမှမမှားယွင်းဖူးဘူး။ ကျွန်တော်ဘာတစ်ခုကိုမှပြောင်းလဲမပေးနိုင်ဘူးဆိုတာကို ကျွန်တော်သိတယ်၊ ဒါပေမဲ့ လင်ကျီက နှစ်နှစ်ပဲနေနိုင်တော့မယ်ဆိုရင်၊ ဒါဆို ဒီနှစ်နှစ်အတွင်း ကျွန်တော် သူမနဲ့အတူရှိနေပေးမယ်။”
“ဒီဆုံးဖြတ်ချက်မချလိုက်ခင် ဘာအကျိုးဆက်တွေဖြစ်လာမလဲဆိုတာကို မင်းနားထောင်မကြည့်ချင်ဘူးလား?” ဆရာက မေးလာလိုက်လေတယ်။