အပိုင်း(၁၀၂.၂)

1.1K 134 1
                                    

အပိုင်း(၁၀၂.၂)

လင်ကျီသာ ဖုန်းလောနဲ့မတွေ့ဆုံခဲ့ရဖူးဆိုရင်၊ လင်ကျီက မြို့အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရပြီးနောက် ပြန်လည်မွေးဖွားလာမှာဖြစ်ပြီး သူမစုစည်းခဲ့တဲ့ကုသိုလ်ရလဒ်တွေကိုခံစားခွင့်ရမှာဖြစ်လေတယ်။

"ဒီတော့ ဒီမကောင်းမှုဝိညာဉ်ကို၊ ငါတကယ်ပဲထိုက်တန်တာလား?" လော့မင်က ခါးခါးသီးသီးရယ်မောလိုက်လေတယ်။

ချန်းယုက သူမလက်တွေထဲ ပစ္စည်းအပုံလိုက်ကြီးကိုင်ပြီး လေဆိပ်ကနေထွက်လာချိန်၊ သူမကိုလာကြိုတဲ့ဟဲကျီကို၊ အဝေးကနေ၊ မြင်တွေ့လိုက်ရလေတယ်။

"လက်‌ေထာက်ဟဲ၊" ဟဲကျီကိုမြင်တော့ ချန်းယုက ပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်လာလိုက်လေတယ်။

"မိန်းကလေးချန်း၊ ပြန်လာတာကြိုဆိုပါတယ်၊" ဟဲကျီကလည်း မြန်မြန်နှုတ်ဆက်လာလိုက်လေတယ်။

"တတိယအစ်ကိုက ကျွန်မကိုလာကြိုခိုင်းလိုက်တာလား?" ချန်းယုက အပြုံးနဲ့မေးလာလိုက်လေတယ်။

"ဟုတ်ပါတယ်၊" လော့မင်က မနက်စာစားပြီးကတည်းက စာကြည့်ခန်းထဲမှာပဲနေနေခဲ့တာ၊ အဲဒီကနေ အခုထိထွက်မလာသေးလေဘူး။ ချန်းယုကိုလာကြိုပေးဖို့လည်း အမိန့်တစ်ခါမှမပေးခဲ့ဖူးလေဘူး။ ဒါပေမဲ့၊ အရည်ချင်းပြည့်ဝတဲ့လက်ထောက်တစ်‌ဦးအနေနဲ့၊ အသေးစိတ်ကျတဲ့ညွှန်ကြားချက်မျိုးတွေ သူဘယ်တုန်းကလိုအပ်ဖူးခဲ့လို့လဲ? ဒါက အလုပ်ရဲ့အခြေခံအချက်တွေဖြစ်သင့်တယ်မဟုတ်လား?

"မိန်းကလေးချန်းယု ကျွန်တော်မင်းပစ္စည်းတွေကူသယ်ပေးမယ်နော်၊" ဟဲကျီက ချန်းယုလက်ထဲကအဝတ်အိတ်ကိုယူလိုက်ပြီးတော့၊ သူတို့နှစ်ဦးက ကားရပ်ထားရာဆီ လှည့်လျှောက်လာလိုက်လေတယ်။

သူက ချန်းယုအတွက် နောက်ကားတံခါးအရင်ဖွင့်ပေးလိုက်ပြီး၊ ထို့နောက်မှာတော့ အဝတ်အိတ်ကို ကားနောက်ထဲထည့်လိုက်လေတယ်။ သူငုတ်တုတ်ထိုင်ချလိုက်ပြီး အဝတ်အိတ်အား ကားနောက်ခန်းထဲ သယ်ထည့်ဖို့လုပ်နေချိန်၊ ရလဒ်က...

ဟမ်? ဟမ်! ဟမ်?

ဒီ၂၀လက်မပဲရှိတဲ့အဝတ်အိတ်ထဲ ဘညတွေကိုထည့်ထားတာလဲ? ဘာလို့ငါ,မလို့မရရတာလဲ?

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Where stories live. Discover now