Fanwai: ချန်းယန်ရဲ့ကြောင်နက်
“ဗိုက်ဆာနေတာများလား?” ချန်းယန်က အသံထွက်မေးလာလိုက်လေတယ်။
ကြောင်ကပိန်ပါးနေပြီး ညနက်ကြီး လမ်းကြားလေးထဲ ပေါ်ထွက်လာခဲ့တာ။ နိုးကြားတဲ့မျက်လုံးတွေရှိတဲ့ကြောင်အများစုက လမ်းဘေးကြောင်တွေဖြစ်လေပြီး၊ အမွှေးအတောင် သန့်သန့်ရှင်းရှင်းမရှိတဲ့ ဒီလိုကြောင်နက်မျိုးဆို စဉ်းစားနေဖို့တောင်မလိုအပ်နေပါဘူး။
ချန်းယန်က သူ့အိတ်ကပ်ထဲ လှန်လောရှာကြည့်ကြည့်တော့ ကြက်အူချောင်းတစ်ချောင်းကိုရှာတွေ့လိုက်လေတယ်၊ ညစာစားချိန်တုန်းက ကျန်နေခဲ့တဲ့ဟာပေါ့။
ချန်းယန်က အိတ်ကိုဖြဲလိုက်ပြီး ကြောင်နက်ရဲ့ပါးစပ်နား ကြက်အူချောင်းတိုးပေးလာလိုက်လေတယ်။
ကြောင်နက်က ကြက်အူချောင်းကို တစ်ချက်လှမ်းကြည့်လာပြီးနောက် လျစ်လျှူရှုထားလေတယ်၊ ဒါပေမဲ့ သူ့အကြည့်ကတော့ ချန်းယန်လက်ကောက်ဝတ်နားက အဆောင်လက်ဖွဲ့ဆီကိုပဲ အကြည့်ရောက်နေလေတော့တယ်။
“ဗိုက်မဆာတာများလား?” ချန်းယန်မှာ တွေးတောလာလေတော့တယ်။
ထိုအချိန်၌၊ လမ်းကြားအပြင်ဘက်မှာ ခြေသံတွေကြားလာရတော့၊ ကြောင်လေးက ဝှစ်ခနဲ ပြေးထွက်သွားလေတော့တယ်။
ကျိုးဟန်က သူ့အနားပြေးလာလေတယ်။ မြေပြင်ပေါ်ကစုံတွဲကိုကြည့်ပြီး သူမေးလာလေတော့တယ်၊ “ဖမ်းမိသွားပြီလား?”
“ဟင့်အင်း၊” ချန်းယန်က ပြောလာလေတယ်၊ “သူတို့ကို ဒီကနေခေါ်ထုတ်သွားလိုက်၊ မနက်ဖြန်ကျ သီးခြားဖမ်းထားလိုက်၊”
“အို၊” ကျိုးဟန်က ပြန်ဖြေလာလေတယ်။ သူက အစွန်းဘက်အကျဆုံးက အမျိုးသမီးကိုသယ်ကာ၊ လျှောက်ထွက်သွားလေတော့သည်။ တစ်ဖက်ကချန်းယန်ကတော့၊ ရှေ့တိုးလာပြီး သတိမရှိတော့တဲ့အမျိုးသယးကို ရပ်ကူပေးလိုက်လေတယ်။ သူထွက်သွားဖို့လုပ်နေချိန်၊ သူကတစ်စက္ကန့်လောက်တုံ့ဆိုင်းသွားကာ သူ့လက်ထဲက ကြက်အူချောင်းကို အနီးနားလေးပစ်ချပေးလိုက်လေတယ်။
နှစ်ဦးသားထွက်သွားပြီးနောက်၊ ကြောင်နက်က ထောင့်တစ်နေရာနေ ထွက်လာပြန်လေတယ်။ သူက မြေပေါ်ကကြက်အူချောင်းပိုကြည့်ပြီး၊ အမြှီးယမ်းကာ၊ ဂုဏ်ယူစွာဖြင့် လျှောက်ထွက်သွားလေတော့တယ်။
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]
Horrorချန်းယု × လော့မင် စာအုပ်အဆက်