အပိုင်း(၁၀၇.၁):ပြန်လည်ဆုံစည်းခြင်း
ချင်းမန့်တောင်မှာ ပြောင်းလဲခြင်းတချို့ဖြစ်လာခဲ့သလိုမျိုး တစ်ချိန်တည်းမှာပဲ မြို့တော်က လော့မိသားစုခြံဝန်းထဲ၌ ပြောင်းလဲခြင်းတချို့ ဖြစ်လာခဲ့လေတယ်။
“ဝှစ်!”
“ဝီ!”
“ဝူးးး~”
ထူးဆန်းတဲ့အသံတွေကြားလိုက်ရတော့၊ လော့မင်က စာဖတ်ခန်းထဲကနေထွက်လာလိုက်ပြီး သူ့အိပ်ခန်းထဲဝင်ကြည့်လေတယ်။ သူမြင်လိုက်ရတာတွေက အိပ်ရာပေါ်မယ် ငြိမ်ငြိမ်လေစနေနေကြတဲ့ ဝိညာဉ်လက်နက်လေးခုက၊ တစ်ချိန်တည်းမှာပဲ ရုတ်တရက်ကြီး မျောလွင့်လာကြပြီး၊ လေထဲ ခိုက်ခိုက်တုန်စေတဲ့အသံတွေထုတ်လွှတ်နေလေတော့တယ်။
“သခင်လေး၊” ဟဲကျီကလည်း ဆူညံ့သံတွေကြားနေရတော့ အောက်ထပ်ကနေ တက်လာလိုက်လေတယ်။ အိပ်ခန်းထဲက ပုံမှန်မဟုတ်တာတွေကို သူမြင်လိုက်ရချိန်၊ တအံ့တဩဖြစ်သွားရလေတယ်: “ဒါဘယ်လိုလုပ်ဖြစ်လာရတာလဲ?”
လော့မင်က မျောလွင့်နေတဲ့ဝိညာဉ်လက်နက်လေးခုကို တင်းမာနေတဲ့အမူရာဖြင့် ကြည့်နေလိုက်လေတယ်။ ဟဲကျီက သာမန်လူဖြစ်တာကြောင့် မမြင်နိုင်လေဘူး၊ ဒါပေမဲ့ လော့မင်မျက်လုံးထဲမှာတော့၊ ပါးလွှာတဲ့မျဉ်းကြောင်းလေးတစ်ခုက၊ ဝိညာဉ်လက်နက်လေးခုကိုဆွဲယူနေလေတယ်။
ဝိညာဉ်လက်နက်လေးခုကိုရရှိပြီးနောက်၊ သူတိူ့ကို လော့မင်အိပ်ခန်းထဲ ထားထားလိုက်လေတယ်။ ကြေးဓားကိုလည်း မီးခံသေတ္တာထဲသိမ်းထားလေတယ်၊ ဒါပေမဲ့ အဲ့တာက နောက်ပိုင်း မီးခံသေတ္တာကို ဖျက်ဆီးပစ်ခဲ့တာ၊ ဒီတော့ လော့မင်က လက်နက်တွေအတွက် သီးသန့်စင်တစ်ခုရှာလိုက်ရလေတော့တယ်။ ရရှိထားတဲ့ဝိညာဉ်လက်နက်အားလုံးကို အဲဒီမှာထားထားတာ။
ဝိညာဉ်လက်နက်သုံးခုကိုရရှိခဲ့တာ အခုဆိုအတော်တောင်ကြာခဲ့လေပြီ၊ သူတို့ကိုအတူတူထားထားခဲ့ပေမဲ့ သူတို့အချင်းချင်း အာရုံမခံမိကြလေဘူး။ ဒီနေ့မှ ဘာလို့ပြောင်းလဲမှုတွေ ရုတ်တရက်ကြီး ဖြစ်လာခဲ့ရတာလဲ?
ငါးထောင့်ကြယ်စုစည်းခြင်းအစီရင်!
ငါးခုမြောက်ဝိညာဉ်လက်နက်ကို ရှာတွေ့တာများဖြစ်နိုင်မလား? ရှီရှီ တစ်ခုခုလုပ်ခဲ့တာများ ဖြစ်နိုင်မလား?
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]
Horrorချန်းယု × လော့မင် စာအုပ်အဆက်