အပိုင်း(၁၀၀.၂)

1K 125 0
                                    

အပိုင်း(၁၀၀.၂)

သံလိုက်အိမ်မြှောင်က သူ့ဘေးနားတစ်ဝိုက်က ထူထပ်လှတဲ့စိတ်စွမ်းအားတွေကို စုပ်ယူနေရင်း အလင်းလိုအလျင်မျိုးဖြင့် လည်ပတ်နေတာက၊ ရွှေရောင်းအလင်းလုံးဖျော့ဖျော့လေးအဖြစ် ပြောင်းလဲသွားတဲ့အထိပေါ့၊ ထို့နောက်မှာတော့ အဲ့တာကခေါင်းလောင်းဆီပြေးသွားလိုက်ပြီး ဇွန်ဘီးလက်ထဲကလှံရှည်ကို ထုရိုက်လိုက်လေတော့တယ်။

“ဂရားးး!” ဇွန်ဘီးမှာ သတိလက်လွတ်ဖြစ်သွားတာကြောင့် နောက်သို့ဆုတ်သွားရလေတယ်။ သူက လှံထိပ်ကို ချက်ချင်းလှည့်လာလိုက်ပြီး လေထဲပျံသန်းနေတဲ့သံလိုက်အိမ်မြှောင်ကို ထိုးဖောက်ရန်ကြိုးစားလိုက်လေတယ်။ သံလိုက်အိမ်မြှောင်က တဟုန်ထိုးပြေးသွားလိုက်ပြီး၊ ပထမဆုံးအကြိမ်၊ ဝိညာဉ်ဆင့်ခေါ်ခြင်းခေါင်းလောင်းရဲ့ချိပ်ထဲကိုဝင်ရောက်သွားလေတော့တယ်။ သံလိုက်အိမ်မြှောင်က ဇွန်ဘီးရဲ့ခေါင်းကိုထုရိုက်ပစ်လိုက်လေတယ်။ အကြိမ်အတော်ကြာထုရိုက်ခံရပြီးနောက်၊ သူ့ဒေါသတွေပြည့်လျှံလာပြီး၊ ဘေးနားတစ်ဝိုက်ကနံရံတွေက သူ့အော်ဟစ်သံကြောင့်တုန်ခါလာလေတော့တယ်။

ဇွန်ဘီးက တကယ်ဒေါသထွက်သွားပုံပါပဲ။ လှံထိပ်ထဲက မကောင်းမှုစွမ်းအင်တွေမှာ ပေါင်းစည်းလာလေတော့တယ်။ မကောင်းမှုစွမ်းအင်တွေက ပိုသိပ်သည်းလာလေပြီ။ လှံထိပ်နဲ့အနီးဆုံးချိပ်က စတင်တွန့်ရှုံ့လာပြီး၊ အဲ့တာက ပြိုလဲသွားလုနီးပါးဖြစ်နေပြီဆိုကြောင်း သိသာနေလေတယ်။

အံ့ဩဖို့ကောင်းတာက၊ ဒီဇွန်ဘီးက လက်နက်ဘယ်လိုအသုံးပြုရမလဲဆိုတာ တကယ်သိနေလေတယ်!

သာမန်ဇွန်ဘီးတွေက မကောင်းမှုစွမ်းအင်တွေပြည့်လျှံနေတဲ့ ဓားနဲ့လှံတွေကို ထိတွေ့လို့ရတယ်ဆိုပေမဲ့၊ အဲ့တာကိုအသုံးပြုရန် အသိဉာဏ်မရှိနေတာကြောင့် သူတို့ပင်ကိုဗီဇကိုသုံးပြီးသား တိုက်ခိုက်နိုင်ကြလေတယ်။ ဒါပေမဲ့ ဒီဇွန်ဘီးက လက်နက်ကို ဘယ်လိုအသုံးချရမလဲဆိုတာ သိရုံတင်မကဘူး၊ လက်နက်ကို မကောင်းမှုစွမ်းအင်နဲ့ပေါင်းစပ်လိုက်ပြီးတော့တောင် အသုံးပြုနိုင်နေ‌တယ်။ ဆိုလိုတာက ဇွန်ဘီးမှာ အသိဉာဏ်ရပြီးနေပြီ။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Where stories live. Discover now