အပိုင်း(၁၀၆.၁):ငါးခုမြောက်ဝိညာဉ်လက်နက်

943 99 0
                                    

အပိုင်း(၁၀၆.၁):ငါးခုမြောက်ဝိညာဉ်လက်နက်

ဆရာမော်က အခန်းထဲထိုင်ရင်း၊ မျက်မှောင်ကြှုပ်နေလေတယ်။ သူကခဏလောက်ချီတုံ့ချီချဖြစ်သွားပြီးနောက်၊ သူ့ဖုန်းကိုထုတ်ပြီး လော့မင်ကို ဖုန်းခေါ်လိုက်လေတယ်။

"ဆရာမော်၊" သူတို့ချင်းမန့်တောင်ဆီရောက်ပြီဖြစ်ကြောင်း သေချာအောင်အတည်ပြုပြီးနောက်၊ လော့မင်က ဆရာမော်နဲ့ ရှီရှီဖုန်းခေါ်လာမှာကို စောင့်နေခဲ့တာ။

"သူငယ်ချင်းလေးချန်းက အခုထိ မင်းကိုဖုန်းမခေါ်သေးဘူးလား?" ဆရာမော်က မေးလာလိုက်လေတယ်။

"မခေါ်သေးဘူး၊" ဒီအကြောင်းပြောလာတော့၊ လော့မင်က အနည်းငယ်အံ့ဩသွားရလေတယ်။ ဆရာမော်က သူ့ထံအရင်ခေါ်လာသူဖြစ်နေလိမ့်မယ်လို့ သူလည်းမထင်ထားခဲ့မိလေဘူး။

"ဒါဆို ပြီးပြည့်စုံတဲ့လို့ဟယ်နဲ့ ပြောနေတုန်းဖြစ်ရမယ်၊" ဆရာမော်က မျက်မှောင်ကြှုပ်သွားလေတယ်။ ချန်းယုက လော့မင်ထံဖုန်းခေါ်ပြီးသွားပြီလို့ သူထင်နေခဲ့တာ။

Video callမှနေ၊ ဆရာမော်ရဲ့အခက်ခဲဖြစ်နေတဲ့အသွင်ပြင်ကို လော့မင်ကမြင်နေရလေတယ်။ သူကစိုးရိမ်တကြီးမေးလာလိုက်လေတယ်၊ "ဆရာမော်၊ ချင်းမန့်တောင်ကကိစ္စကအရမ်းခက်ခဲနေလို့လား?"

"အင်း၊ ဒါပေမဲ့ မင်းကိုတော့အသေးစိတ်ပြောပြလို့မရဘူး၊" အစောတုန်းက ဧည့်ခန်းထဲမှာတုန်းက၊ ချင်းမန့်တောင်မှာ ချိပ်ပိတ်ထားတဲ့မိုးခေါင်နတ်ဆိုးအကြောင်း ပြောပြပြီးနောက် ဒီကိစ္စအကြောင်း လျှို့ဝှက်ထားပေးဖို့ ရှန်းချင်းကျူက ညွှန်ကြားလာခဲ့တယ်။

မိုးခေါင်နတ်ဆိုးက မိုးကောင်းကင်အောက်က သတ်လို့မရနိုင်တဲ့ သတ္တဝါမျိုးပဲ။ သဝ္တဝါကဘာမှမလုပ်ခဲ့ဘူးဆိုရင်တောင်၊ သူနိုးထလာတာလေးကတင် ကမ္ဘာကြီးအား ဘေးဒုက္ခဖြစ်စေနိုင်လေတယ်။ သူ့တည်ရှိမှုအကြောင်း ကွယ်ဝှက်ထားတဲ့ရည်ရွက်ချက်ရှိသူတွေသာသိသွားခဲ့မယ်ဆိုရင်၊ တောင်ထဲကမိုးခေါင်နတ်ဆိုး နိုးထလာစေနိုင်မယ့်အခွင့်ရေးကို ရှာလာကြမှာဖြစ်လေတယ်။ ထို့နောက်၊ အကျိုးဆက်တွေကတော့ တွေးဆလို့မရနိုင်လေဘူး။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Where stories live. Discover now