အပိုင်း(၁၀၉.၁):ခြောက်ခုမြောက်ဝိညာဉ်လက်နက်
ချန်းယုက တစ်ရက်လောက်အိပ်စက်ခဲ့တော့၊ သူမနိုးလာချိန်၊ အိပ်ချင်စိတ်မရှိလေဘူး။ လော့မင်က တစ်နေ့လုံးစိတ်ပူနေခဲ့ပြီး ချန်းယုနိုးလာချိန်တောင် ထွက်လာဖို့ရာဝန်လေးနေလေတယ်။ နှစ်ဦးသားက ဗီလာအပြင်ကဥယျာဉ်ထဲထိုင်ကာ၊ စကားပြောနေကြလေတယ်။
"အေးလား?" နွေဦးကုန်ဆုံးပြီးနွေရာသီရောက်တော့မယ်ဆိုပေမဲ့၊ ညလေကတော့အနည်းငယ်အေးနေတုန်းပဲ။
"အစ်ကိုကျွန်မကို ဖက်ထားပေးရင်၊ မအေးတော့ဘူး၊" ချန်းယုကပြောပြီး လော့မင်ရဲ့လက်တွေကိုငှားယူလိုက်လေတယ်။
ဒီတော့ သူမအေးတာလား မအေးတာလား? လော့မင်က ခေါင်းခါပြုံးလာလိုက်လေတယ်၊ ဒါပေမဲ့ သူ့လက်မောင်းထဲကမိန်းကလေးကိုပွေ့ဖက်ပေးထားတုန်း။
"တတိယအစ်ကို၊ ညီမတို့ ဘယ်အချိန်မှလက်ထပ်လို့ရမှာလဲ?" ချန်းယုက ရုတ်တရက်ကြီး မေးလာလိုက်လေတယ်။
"..." ဒီနေ့ကျမှ ဘာလို့လက်ထပ်မယ့်အကြောင်းပဲမေးနေရတာလဲ? "တရုတ်ဥပဒေမှာ မိန်းကလေးတွေက လက်ထပ်မှတ်ပုံတင်ဖို့ အသက်နှစ်ဆယ်ထိပြည့်အောင်စောင့်ရမယ်တဲ့။"
"ဒါဆို..." ချန်းယုက ခဏလောက် တွက်ချက်လိုက်ပြီးနောက် ပြောလာလေတယ်၊ "ညီမကလေးယူရဖို့ တစ်နှစ်နဲ့သုံးလလောက်လိုသေးတာပေါ့။"
လော့မင်မှာတံတွေးနင်သွားတော့မလို့။ ချန်းယုကို စိုက်ကြည့်လာပြီး: "ဘာလို့ ရုတ်တရက်ကြီး...လက်ထပ်ချင်လာရတာလဲ?"
"ညီမ အစ်ကို့ကိုသဘောကျတာကြောင့်လေ၊" လွန်ခဲ့တဲ့နှစ်သောင်းချီတုန်းက၊ အကြိမ်ကြိမ်တွေ့ခဲ့၊ အကြိမ်ကြိမ်ချစ်ကြိုက်ခဲ့ကြတယ်ဆိုပေမဲ့၊ တစ်ဘဝလုံးလက်တွဲခဲ့ရတာမဟုတ်ဘူးလေ။ "ညီမတို့အချင်းချင်းချစ်ကြတယ်ဆိုရင် အတူတူနေတာပဲကောင်းတယ်။ မနက်ဖြန်ဘာဖြစ်လဲနိုင်မလဲဆိုတာကို သိမှမသိနိုင်တာ။"
အမှန်ပဲလေ၊ အာ။ အချင်းချင်းချစ်ကြရင်လက်ထပ်ကြတာပေါ့။ မဟုတ်ရင်၊ မနက်ဖြန်ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်တာကို? အရင်ဘဝတွေတုန်းက ဒီအမှန်တရားကို ငါနားလည်ခဲ့ရင်၊ ဘယ်လိုလုပ်ပြီး ဘဝတိုင်းက လွဲချော်သွားနိုင်တော့မှာလဲ?